J 3

240 34 0
                                    

လှတယ် အရမ်းပဲ

အိပ်မောကျနေတဲ့ မျက်နှာလေးကို တစိမ့်စိမ့်ငေးနေမိတယ်
သဘောတကျလည်း ပြုံးမိပြန်တယ်
လူနာလာကြည့်တာပါဆိုပြီး နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်
နေတာလေ ချစ်ဖို့မကောင်းဘူးလား
တချိန်တည်းမှာပဲ အားနာစိတ်တွေက ၀င်လာပြန်တယ်
နေမကောင်းဖြစ်နေတဲ့ အချိန်မို့ အလွယ်တကူ၀င်လာတဲ့ အားငယ်စိတ်တို့နဲ့အတူ Doyoung ကို အနားမှာရှိချင်
စိတ်က ကြီးစိုးနေခဲ့တယ် ဒါပေမယ့် လိုအပ်ကြောင်းလည်း
သိသာအောင်ပြဖို့ စိတ်က ခွင့်မပြုခဲ့ပြန်ဘူး သူက
နာကျင်စေခဲ့ပြန်တယ် တကိုယ်ကောင်းဆန်ခဲ့ပြန်တယ်

ဒီလို တစိမ့်စိမ့် ကြည့်ဖို့ ရှားတဲ့အခွင့်အရေးမို့ နှစ်နှစ်ခြိုက်
ခြိုက်ကို ကြည့်နေချိန်မှာပဲ တံခါးခေါက်သံကြောင့်
နှမြောစွာပဲ အကြည့်တို့ကိုရုတ်ပြီး ထသွားရတယ်

"မဂ်လာပါ Jaehyun shi "

"ဟုတ်ကဲ့ အခန်းကရော အဆင်ပြေသွားပြီလား "

"လုံး၀ ညှိနှိုင်းရတာ အဆင်ပြေသွားပါတယ် Jaehyun
shiရဲ့ ကျေးဇူးတွေ အများကြီးပါတာမို့ ဒီလက်ဆောင်လေး
လက်ခံပေးဖို့ တောင်းဆိုပါတယ်နော် "

"လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ် "

"ဒါဆို ခွင့်ပြုပါဦးနော် "

"ဟုတ်ကဲ့ပါ"

စကားပြောဆိုပြီး တံခါးပိတ်ကာ လျှောက်လာတော့
Doyoung က သူ့အိတ်တွေကို ကိုင်နေကာ ပြန်ဖို့
အသင့်ပြင်နေတဲ့ ပုံစံမျိုးတွေ့လိုက်ရတာကြောင့် အလိုလို
မျက်မှောင်ကြုတ်မိသွားသည်

"ဟို ငါ ပြန်တော့မယ်လေ မင်း လည်း လွတ်လွတ်လပ်လပ်
အဟမ်း နေချင်မယ် ထင်တယ် နေရထိုင်ရတာ
အဆင်ပြေရဲ့လား ဆောရီး ငါ သတိလက်လွတ်
အိပ်ပျော်သွားတာ "

အချိန်ကြာကြာ နေပေးပါဦးလို့ စွဲထားဖို့ အကြောင်းအရာ
ဦးနှောက်ကို အလုပ်ပေးနေပေမယ့် လုံး၀ထွက်မလာခဲ့ပေ
မနက်က သူ့ကို တအားစိုးရိမ်နေပုံရတဲ့ မျက်လုံးလေးတွေက
ခုတော့ အဲ့လိုတွေ သိပ်မရှ်ိနေတော့ သူနဲ့အခ်ျန်ကြာကြာ
မနေပေးချင်တဲ့ အကြောင်းအရင်းတွေများ ရှိနေပြီလား
ဆိုတဲ့ အတွေးလေးကလည်း ရောက်လာပြန်သည်

My first and lastWhere stories live. Discover now