3

277 39 0
                                    

"အာ ချစ်ဖို့ကောင်းတယ် ငါတို့ အတူဓာတ်ပုံရိုက်
ကြမလား "

Meow~

"အိုး ငါပြောတာကို မင်းသဘောတူတာလား "

ကြောင်ဝါပေါက်လေးရဲ့ တုံ့ပြန်သံမှာ Doyoungက
သိပ်ကိုပျော်ရွှင်နေတယ် ဒီလမ်းက ကားတွေသိပ်မလာတာပဲ
တော်တော့တယ် မဟုတ်ရင် သူရော ကြောင်ရောရဲ့
ကို့ရို့ကိုးယား အခြေအနေကြောင့် အဆဲခံရနိုင်တယ်

"ခနစောင့်မယ်မလား ဖုန်းထုတ်ရဦးမယ် "

သူက ကြောင်လေးကို ခနလွှတ်လိုက်ရင်း ဖုန်းထုတ်
ဖို့ ကြံလိုက်ပေမယ့် ကြောင်လေးက သူ့လက်က
လွတ်တာနဲ့ပဲ တချိုးတည်း ပြေးသွားတော့သည်

"ရာ့ မင်းငါ့ကို မလှည့်စားနဲ့လေ မင်းပဲရိုက်မယ်ဆို
မရဘူး မိအောင်ဖမ်းမယ် ငါ့ကိုလာမစမ်းနဲ့"

Doyoungက ကြောင်ပြေးသွားရာ နောက်ကို
ပြောချင်ရာတွေ ပြောပြီး လိုက်သွားပေမယ့်
တစ်နေရာ အရောက်မှာတော့ ကြောင်လေးက
တစ်စုံတစ်ယောက်ရဲ့ ပွတ်သတ်မှုတွေကြားမှာ
ငြိမ်သက်လို့ အဲ့ဒီတစ်စုံတစ်ယောက်ကလည်း
သူကြည့်နေတာကို သတိထားမိသွားတယ်နဲ့ တူပါရဲ့
ကြောင်က်ုကြည့်ရင်းကနေ သူ့ကိုလှည့်ကြည့်လာသည်
မျက်နှာပေါ်က ပါးချိုင့်လေးတွေက အထင်းသားနဲ့ပေါ့
အဲ့ဒီအပြုံးလေးက သူ့မျက်လုံးကနေတစ်ဆင့်
နှလုံးသားထဲကို စိမ့်၀င်သွားသလိုပဲ သူ့ကိုယ်သူတောင်
သတိမထားမိတော့ပဲ မျက်လုံးတွေက ပါးချိုင့်လေး
ပေါ်မှာ အခြေချနေမိတယ်
ပါးချိုင့်အတွင်း စု၀င်နေတဲ့သတိတွေရောအသိတွေရောက
သူ့ဆီပြန်ပြေးလာတဲ့ကြောင်လေးရဲ့ အော်သံကြားမှပဲ
နေရာမှန်ပြန်ရောက်တော့သည်
သူက ချက်ချင်းပဲ ထိုင်ချလိုက်ရင်းး ကြောင်လေးက်ု
ခပ်တိုးတိုးလေး ဆူလိုက်မိသေးသည်
တစ်နည်းဆို ရှက်ရမ်းရမ်းလိုက်တာပဲပေါ့

"မင်းကို ငါ ‌မနက်ဖြန်ကြ လာမကြည့်ပဲ နေတော့မယ်
ငါ့စကားနားမထောင်ဘူး "

အရှက်ပြေ ပြောချလိုက်ပေမယ့် မလှမ်းမကမ်းက
ထွက်လာတဲ့ ရယ်သံတိုးတိုးလေးကြောင့်
နားတွေပါ ထူပူလာတာကြောင့် ကြောင်လေးကိုသာ
အမြန်နှုတ်ဆက်လိုက်ရင်းး အိမ်ကိုပဲပြန်ပြေးလာခဲ့တော့
သည်

My first and lastWhere stories live. Discover now