8

264 32 2
                                    

အခန်းတစ်ခုလုံးက ‌အလင်းဓာတ်ရှ်ိမနေပေ
ဒါ့ကြောင့်သူ မီးအိမ်လေးကို ဖွင့်လိုက်‌ကာ အခန်းရဲ့
တစ်နေရာဆီသို့ ဦးတည်သွားလိုက်ကာ သေတ္တာခပ်သေးသေး
လေး တစ်ခု ကို ထုတ်ယူလာခဲ့ပြီး ခုံပေါ်မှာ နေရာယူခဲ့သည်

လေးပင်နေတဲ့စိတ်အစုံဟာ ‌ပေါ့ပါးသွားမလားဆိုတဲ့
မျှော်လင့်ချက်နဲ့ သက်ပြင်းကိုချပစ်လိုက်ပေမယ့် ဒီအတိုင်းက
ဒီအတိုင်း သူက ထိုသေတ္တာငယ်လေးကို သူက ဖြည်းဖြည်း
ချင်းဖွင့်လိုက်တော့ တွေ့လိုက်ရတဲ့ အရာလေးကြောင့်
သူ့ရဲ့ စိတ်တွေက တဆစ်ဆစ် ကိုက်ခဲလာသလိုပင်

မာဖလာလေး ဖြစ်သည်
သေချာပေါက် ဒီမာဖလာလေးက တချိန်လုံး သူ့ဆီမှာပဲ
ရှိနေခဲ့တာပင် ဒီမာဖလာလေးလိုပဲ ထိုလူ့ကိုလည်း သိမ်း
ထားလို့ရရင် သိပ်ကောင်းမယ်

" လွှတ်ချတယ် လက်လျှော့တယ်ဆိုတိုင်း မချစ်တော့လို့မှ မဟုတ်ပဲလေ ချစ်လွန်းပေမယ့် မတတ်နိုင်တော့တဲ့အခြေအနေရောက်ရင် လက်လျှော့လိုက်ကြတာမလား"

"ချစ်တယ်ဆိုပြီး လက်လျှော့တယ် ? ဒါက ဆင်ခြေပဲ
မလား"

"အရာအားလုံးက အခြေအနေတွေ တသမတ်တည်း
တွေးလို့မရဘူးလို့ ကျွန်တော်တော့ ထင်တယ်
ကိုယ်မသိလိုက်တဲ့ တစ်ဖက်ခြမ်းတွေလည်း ရှိနိုင်တာပဲ
hyungမတွေးဖြစ်တဲ့ အတွေးတွေဟာ
Doyoung hyungဆီမှာ ရှိနေနိုင်သလို hyungရဲ့လုပ်ရပ်တွေကိုလည်း
Doyoung hyung က သူ့အထင်နဲ့သူ ခံစားနေမှာ"

Markရဲ့ထိုစကားမှာ Jaehyun က တိတ်ဆိတ်သွား
ခဲ့သည် ရုတ်တရက် ခေါင်းထဲကို စကားတစ်ခွန်းက၀င်လာခဲ့
သည် *ငါက ယောင်္ကျားတစ်ယောက် ဖြစ်နေလို့လား* တဲ့
အဲ့နေ့ညတုန်းက Doyoung hyung က အသံလေးတွေ စို့နင့်အက်ကွဲနေတဲ့အတိုင်း အဲ့စကားကို ပြောခဲ့တာ

"ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကို ပင်ပန်းအောင် မလုပ်ပါနဲ့
hyungပဲ အမြဲပြောတယ်လေ အချစ်ကို မရှုံးနိမ့်
စေရဘူးဆို hyungခု နာကျင်နေတာလည်း အချစ်ကို
ရှုံးနိမ့်နေတာပဲပေါ့ ကိုယ့်ကိုချစ်တဲ့သူ ကိုယ်ကလည်းချစ်တဲ့သူကို အခွင့်အရေးရရဲ့သားနဲ့ လက်လွှတ်လိုက်ရတာလည်း ရှုံးနိမ့်တာပဲ မဟုတ်ဘူးလား hyungစိတ်ချမ်းသာနေတယ်ဆိုရင်တော့ တမျိုးပေါ့ "

My first and lastWhere stories live. Discover now