Final

449 41 4
                                    

"hyung မှာလိုက်တာလေးတွေပါတယ် ‌"

"ကျေးဇူးပဲ Jaehyun မင်း ပင်ပန်းလာပြီလား
နားဦးလေ "

သူ့လက်ထဲက အထုပ်တွေကို ဆွဲယူပြီး ထွက်သွားတဲ့
လူက မျက်နှာ သိပ်မရွှင်နေတာကို သူသတိထားမိသည်

"hyung"

"အင်း Jaehyun?"

"ဟို Jenoနဲ့ Haechan က လာခဲ့မယ်လို့ လည်း
ပြောလိုက်တယ် "

"အော် အင်းအင်း "

တစ်ချက်ပြုံးပြပြီး မီးဖိုခန်းထဲ ၀င်သွားသည့်သူကြောင့်
Jaehyun အတွေးများရပြန်သည် Doyoung
အဲ့လိုအာရုံလွင့်နေသလို ဖြစ်နေတာ ဘာကြောင့်လဲ ဆိုတာ
သူသိချင်တယ် သူတို့ ဖုန်းပြောကြတုန်း‌က
hyungက ဒီလိုမဟုတ်တာ သူသိတယ်

"Doyoung စကားပြောချင်တာမျိုး
ရှိမနေဘူးလား"

"ဟမ် ဟင့်အင်း Jae "

Doyoung က သူနဲ့ အကြည့်ချင်းကြာကြာမဆုံတာကို
လည်း သူသတိထားမိပြန်တယ် အရင်ကဆို ဘေဘီချင်း
ထပ်အောင် ခေါ်နေတတ်တဲ့လူက တိတ်ဆိတ်နေလိုက်တာ
ဒါ့ကြောင့် သူက ထိုလူ့အနား ကပ်သွားလိုက်သည်
သတိထားမိသွားလို့ထင်ပါရဲ့ သူနဲ့မျက်နှာချင်းဆိုင်ကို
လှည့်လာသည် ဒါပေမယ့် မျက်လုံးလေးတွေက မျက်ရည်
တွေနဲ့ ပြည့်နေတယ် Doyoung က၀မ်းနည်းနေတာပဲ
သူ့နာမည်ကို ခေါ်ရင်းး ရင်ခွင်ထဲ ၀င်လာတဲ့ ကိုယ်လေးကို
အလိုက်သင့် ဖက်ပေးထားမိသည်

"ဘာဖြစ်တာလဲ ကိုယ့်ကို ပြောပါ မင်းကအဲ့လိုကြီးဖြစ်
နေတော့ ကိုယ်မနေတတ်တော့ဘူး "

"မင်းကို ခုချိန် မပိုင်လိုက်နိုင်ရင် ငါဘယ်လိုလုပ်ရမလဲ
Jaehyun "

"အတွေးများပြန်ပြီကွာ ခုကိုယ်တို့ အတူတူရှိနေတာပဲ
မဟုတ်ဘူးလား မင်းကိုအဲ့လိုတွေးအောင် ဘာတွေကများ
လုပ်သလဲ "

ခနလောက်တိတ်ဆိတ်သွားသည်

"အဲ့ဒီ မာဖလာ ကို ငါတွေ့တယ် "

"..."

"ငါမသိခဲ့ဘူး တစ်ချိန်လုံး နှမြောနေခဲ့တာ "

"တောင်းပန်ပါတယ် မင်းကို နာကျင်စေခဲ့တယ် "

"မင်းဆီမှာ ရှိနေတယ် ဆိုရုံနဲ့တင် ငါပျော်နေပြီ "

My first and lastWhere stories live. Discover now