5

259 40 4
                                    

Haechanနဲ့ Jeno က ဒီနေ့ရဲ့ တစ်ခုခု
ထူးခြားမှုကို ခံစားရပြီးနောက် တစ်ယောက်ကို
တစ်ယောက် အကြည့်ချင်းဖလှယ်ကြသည်

"Doyoung hyung"

"ဟင်"

စိတ်နဲ့ ကိုယ်နဲ့ မကပ်သလို ထူးလာတဲ့ Doyoung
ကြောင့် မျက်ခုံးတောင်ပင့်မိကြသည်

"ဘာဖြစ်နေဝာာလဲ အဲ့ဒါ "

"ဘာမှမဖြစ်ပါဘူးး ငါနည်းနည်းတွေးစရာတွေ
ရှိနေလို့ "

ဒါက သူတို့အတွက်နည်းနည်းမဟုတ်ဘူး အကြီးကြီးကို
ထူးဆန်းသွားတာ အရင်ကဆို လိုက်တောင်ဖမ်းမရ
အောင် ကျောင်းရောက်တာနဲ့ Jaehyun hyung
ဆီ ပြေးသွားတတ်တဲ့ သူတို့ရဲ့ ဟျောင်းးက
ခုတော့ဖြင့် ငြိမ်နေတာပဲ

"သူ hyung ကို နာကျင်အောင် ထပ်လုပ်တာလား"

"အာ အဲ့လိုမဟုတ်ပါဘူးး Jaehyunက ပိတ်ရက်
တုန်းက နေမကောင်းဖြစ်နေတာ သူသက်သာလား
မသိဘူး ငါသိချင်တယ် "

"အော ‌hyungရယ် ခက်ခဲတာမှတ်လို့ဗျာ သူ့ကို
ကျွန်တော်တို့ စာကြည့်တိုက်မှာ တွေ့ခဲ့တယ်လေ
ဘာတွေများထိုင်တွေးနေတာလဲ သူနေကောင်းတယ်
ကျောင်းတောင်လာတာလေ "

"ဟမ်! နေမကောင်းနေတာကို!"

Doyoungက အဖြေသိရတာနဲ့ ချက်ချင်းကိုပဲ
ပြေးသွားတော့၏ သူတို့ပြောပါတယ် လိုက်တောင်
ဖမ်းရမှာ မဟုတ်ဘူးလို့

စာကြည့်တိုက်တွင်ဖြစ်သည်
အနည်းငယ်ဝေ့ဝိုက် ရှာလိုက်တော့ ထောင့်တစ်နေရာမှာ
စာအုပ်တစ်အုပ်ကို သေချာ အာရုံစိုက်ဖတ်နေတဲ့
Jaehyun ကို တွေ့တာနဲ့ ထိုနေရာဆီသို့သာ
လျှောက်သွားလိုက်သည်

"Jaehyun-ah သက်ရောသက်သာလို့လားး "

Jaehyun က သူ့အဖြေကို မတုံ့ပြန်လာပဲ သူ့ကိုဒီတိုင်းပဲ
ကြည့်နေတာကြောင့် သူအနည်းငယ် တောင်ရှက်ကိုးရှက်
ကန်းတောင် ဖြစ်သွားရသည် ခနနေမှ ဖတ်နေတဲ့စာအုပ်ကို
ပြန်အာရုံစိုက်သွား၏

"သိချင်ရင် စမ်းကြည့်လေ "

တိုတိုပြတ်ပြတ် စကားလေးတစ်ခွန်းထွက်လာတော့
Doyoung ရဲ့ ရင်ခုန်သံက တဒိတ်ဒိတ်ပဲ သူက
Jaehyun ရဲ့နဖူးလေးဆီ ဖြည်းဖြည်းချင်း လက်လှမ်း
နေပေမယ့် ထိလိုက်တာနဲ့ ပဲ့ကျသွားတော့မလို လက်တွေက
အနည်းငယ်တောင်တုန်ချင်နေ၏

My first and lastWhere stories live. Discover now