J 2

259 37 0
                                    

မင်းချစ်လာအောင် တဖြည်းဖြည်း ကြိုးစားပေးမယ်
အဲ့စကားလေးကပဲ Doyoung ကို သူခုလို ဆွဲထား
နိုင်မယ်လို့ ယုံကြည်ချက်ရှိစေခဲ့တာ သူယုံကြည်ထားတဲ့
အတိုင်းပဲ Doyoung က သူ့အနားမှာ တောက်လျှောက်
ရှိနေပေးတယ် Doyoung က သူ့ကိုအဲ့လိုမျိုး ချစ်ပြလေ
သူက Doyoung ကို လောဘ တက်လာလေပဲ
ဒါပေမယ့် သူ့နှလုံးသားကို ချပြဖို့ သူအဆင်သင့်မဖြစ်သေးဘူး ဒီအခြေအနေလေးနဲ့ပဲ သူဟာ နေသားကျနေခဲ့တာ

"Jaehyun"

စိတ်လှုပ်ရှားမှု အပြည့်နဲ့ ခေါ်သံလေးကြောင့် Jaehyun
ကြည့်လိုက်တော့ ပိုပြီးတော့တောင် စိတ်လှုပ်ရှားသွားပုံရတယ်

"ဟိုဟာ ညကြ ငါ ဖုန်းခနဆက်လို့ရမလား ဟို
မင်းစိတ်အနှောင့်အယှက် ဖြစ်စေတယ်ဆို ရပါတယ်
ငါဒီတိုင်း ပြောတာပါ "

Jaehyun က တစ်ချက်ရယ်မိသွားတယ်
စိတ်အနှောင့်အယှက်ဖြစ်စေရင် ကြိုတောင်းပန်တယ်ဆိုပြီး
ခပ်မိုက်မိုက်ပြောခဲ့တဲ့လူက ခု သူအဆင်ပြေမပြေ အရိပ်အကဲ
ကြည့်နေပြန်ပါပြီ တကယ်ကို ဘယ်လိုလေးပါလိမ့်
သူ့အတွေးနဲ့သူ လုံးပန်းနေတုန်းမှာပဲ Doyoung က
ဖုန်းကောလ် တခုကို လက်ခံဖြေကြားနေရင်းက နေ
တဖြည်းဖြည်း စိုးရိမ်မှုတွေ ဖုံးလွှမ်းလာတဲ့ မျက်လုံးလေး
ကို သူသတိထားမိတော့ သူ့စိတ်ထဲမှာလည်း စိုးရိမ်စိတ်တွေ
ဖြစ်ပေါ်လာခဲ့သည် Doyoung ကို ခုလို မျက်နှာအမူ
အယာ ဖြစ်စေတဲ့ တစ်ဖက်က လူက ဘယ်သူမလို့လဲ
ဆိုတဲ့ အတွေးကြောင့် သူက မထင်မှတ်ပဲ လိုက်ပို့ပေးရမလား
လို့ ပြောခဲ့မိပေမယ့် Doyoung က တစ်ချက်သာ
လှည့်ကြည့်ပြီး နှုတ်ဆက်ကာ ထွက်သွားခဲ့တယ်

ဒီတိုင်း ထိုင်နေဖို့ ကြိုးစားပေမယ့် နေမထိထိုင်မသာ ဖြစ်
နေတာကြောင့် ကိုယ့်ကိုယ်ကို စိတ်ပျက်ရင်း ကျောင်းဆေးခန်းကို လိုက်သွားကြည့်မိတော့ ဟိုကလေးနှစ်ယောက်
ဖြစ်နေမှ လေပူတွေကို မှုတ်ထုတ်မိတော့တယ်

လူတစ်ယောက်ကိုသဘောကျရတာ ဘာများ ပျော်စရာကောင်းနေပါလိမ့်?
--------------------------------------------------------

သူတကယ်တော့ ဇာတ်ကားသာ ကြည့်နေပေမယ့် အာရုံက
ဇာတ်ကားမှာ မရှိ ပေ ဖုန်း မှာ အသံ တိုးနေသလားဆိုပြီး
ခနခနစစ်မိနေတဲ့အပြင် Call listထဲလည်း ခနခန၀င်ထွက်
နေမိပြန်တယ် သူကသူမဟုတ်သလို ပြာယာခတ်နေတာကို
သတိထားမိသွားတာကြောင့် ဇာတ်ကားကိုသာ ရအောင်
အာရုံစိုက်နေမိ၏

ခနအကြာမှာ ထွက်ပေါ်လာတဲ့ ဖုန်းသံကြောင့် သူက
မပျော်သွားဘူးဆိုရင်တော့ လိမ်ရာကျပေဦးမယ်
သူတကယ်ကို ရင်ထဲ လှိုက်ခနဲ ဖြစ်သွားတာတော့ ၀န်ခံရမယ်
ဒါပေမယ့် အဲ့တာက ခနပါပဲ ဖုန်းဆက်လာပြီး ဘာစကားသံ
မှ ထွက်မလာတာကြောင့် သူကအတွေးများရပြန်သည်
ချက်ချင်းတောင်ပြောလို့မထွက်ရအောင် ဘယ်လိုစကားတွေ
များ ပြောဖို့ရှိနေလို့လဲ

"ဘာမှ ပြောစရာမရှိရင် ပြန်ချလိုက်ဇာတ်ကားကြည့်ရတာ အာရုံပျက်တယ်"

"အာ ဇာတ်ကားကြည့်နေတာကိုး"

စိတ်မရှည်စွာ စပြောလိုက်တော့မှ အသံပြန်ပေးလာတော့တယ် အဲ့လူက တကယ်ကို အမြဲတမ်း သူ့စ်တ်ကို
အနှောင့်အယှက်ပေးနေတော့တာပဲ

"ဒါဆို မင်းကြည့်နေတာ ဆက်ကြည့်ပါ
Goodnight Jaehyun "

"ခု အာရုံပျက်သွားတယ် "

အဲ့လူက အမြဲတမ်း အလိုက်တသိဆိုပြီး နေပေးနေပေမယ့်
တကယ်ကို အလိုက်မသိပြန်ဘူး တမ်းချစေချင်မှဖြင့်
ဘယ်သူက ဖုန်းကိုင်တော့မှာလဲ

"ဒါဆို ငါဘယ်လိုလုပ်ပေးရမလဲ ဟင်"

"စိတ်အနှောင့်အယှက် ဖြစ်စေလက်စနဲ့
ဆက်ပြီး ဖြစ်‌ေစလိုက်လေ hyungက ကျွန်တော့်ကို
အမြဲ စိတ်အနှောင့်အယှက် ဖြစ်စေတဲ့သူပဲမလား"

သူက မကျေမနပ်နဲ့ ပြောချလိုက်ပြီးမှ တအားအတွေးများ
သွားမှာကိုလည်း စိုးရိမ်သွားပြန်တယ် အဲ့တာကြောင့်
ကိုယ့်ကိုယ်ကို ပြန်ထိန်းရင်း တစ်ဖက်က ပြောနေတာတွေကိုပဲ
အာရုံစိုက် နားထောင်နေခဲ့တယ်

တခါတလေကြ သူ ဆုတောင်းမိတဲ့အရာက သူ့စိတ်ကို
သူမပြောပဲ Doyoung က နားလည်လာဖို့ပဲ ဖြစ်တယ်
သူ က အဲ့လိုမျိုး သိပ်ကို လောဘကြီးတယ် မလား
---------------------------------------------------------

ဖတ်ရတာ အဆင်ပြေဖို့ မျှော်လင့်ပါတယ်ဗျ 💗

My first and lastWhere stories live. Discover now