9

292 34 4
                                    

Jaehyun နဲ့ မ‌ေတွ့ရတာ ရက်အနည်းငယ်ကြာနေပြီ
အဆင်ပြေနေသလို သာ ဟန်ဆောင်နေပေမယ့် လွမ်းပါရဲ့
အရိပ်အယောင်တောင် မျက်စိရှေ့ရောက်မလာတာကြောင့်
သူ့ရဲ့ မျက်နှာလေးက မရွှင်မပျ ဖြစ်နေမှာသေချာတယ်

ခုလည်း presentation တစ်ခုကြောင့် စာကြည့်
တိုက်ကို သူရောက်နေတာပဲ ဖြစ်သည် စာအုပ်တွေသာ
ရွေးနေပေမယ့် သူ့အာရုံက စာအုပ်မှာရှိမနေပဲ အတွေးနယ်
ချဲ့နေတာပဲ ဖြစ်၏

ဘုတ်

စာအုပ်ပြုတ်ကျတဲ့အသံကြောင့် ဘေးကို လှမ်းကြည့်
လိုက်တော့ ပျံ့လွင့်နေတဲ့ အာရုံအစုစုက တနေရာထဲမှာ
တစုတစည်းတည်း ရောက်ကုန်ကြသည်

"Jaehyun?"

သူက တိုးဖွဖွလေး ရွတ်လိုက်ကာ သူ့ရှေ့ကမြင်ကွင်းကိုသာ
ကြည့်နေမိသည် Jaehyun က သူ့ကြောင့် ပြုတ်ကျ
သွားပုံရတဲ့ စာအုပ်တွေကို နေရာတကျ ပြန်ထားနေပုံရသည်
သူ့စိတ်အရဆို Jaehyun နားကိုပြေးသွားလိုက်မှာ
ဖြစ်ပေမယ့် Jaehyun က သူ့ကိုမြင်ရင် ဘယ်လို
ဖြစ်သွားမလဲ မသိချင်ယောင်ဆောင်သွားမလားဆိုတာကို
လည်း သူ သိချင်သည်

"ဟုတ်တယ် Jaehyun စမဆက်သွယ် မချင်း
အရင်ပါသွားလို့မဖြစ်ဘူး အိုခေ ဒိုယောင်း relax
တော်တယ် အိုခေ အိုခေ"

သူ့ဟာသူ အသာ ရေရွတ်ရင်းး မကြည့်တော့ဖို့ လုပ်ထား
ပေမယ့် ထပ်ပြီး Jaehyun ရှိရာကို မျက်လုံးက
ရောက်သွားပြန်သည်

ဘုတ်

Doyoung လက်ထဲက စာအုပ်လေးက ပြုတ်ကျသွား
သည် Doyoung ရဲ့ မျက်လုံးတွေက တအံ့တဩ
ဖြစ်နေမှာ အသေအချာပေ ဒီကြားထဲ သူက သူ့ရဲ့နောက်
ကို လှည့်ကြည့်တော့ သူ့ရဲ့နောက်မှာ နံရံပဲရှ်ိသည်

ဆိုတော့ Jaehyun ခု သူ့ကို ပြုံးပြနေတာလားး
သူ့ကို အကြာကြီးလည်း ကြည့်နေပြီးလေ
အဲ့တာ Jaehyun မဟုတ်ဘူးလို့သာ ကိုယ့်ကိုယ်
ကို စိတ်လျှော့ရင်းး စာကြည့်တိုက်ကနေ ထွက်ဖို့ ပြင်ရ
တော့သည်
-------------------------------------------------------

"ပင်ပန်းလိုက်တာဗျာ "

"ဘာတွေပင်ပန်းနေတာ"

"ဘာတွေပင်ပန်းတာဖြစ်ရမလဲ ဗျာ အီဂျဲနို အနိုင်ကျင့်တာ
ခံရတာပေါ့"

My first and lastWhere stories live. Discover now