J 1

273 37 2
                                    

အချစ် ဆိုတာ တန်ဖိုးထားချင်စရာကောင်းတဲ့ အရာ?
ချစ်မိသွားရင် ပျော်စရာကောင်းတယ်?

အဲ့လို အချစ်ကို အမွှန်းတင်တဲ့ စကားလုံးမျိုး တွေ့ရင် Jaehyun က လှောင်ရယ် လိုက်ချင်တယ်
Jaehyun သိမြင်ထားတဲ့ အချစ်ကတော့ဖြင့် အဲ့တာတွေ
နဲ့ တစ်ခြားစီပါ

အသည်းအသန်ချစ်ပြကြပြီး တစ်ဖက်က နှလုံးသားကို
ပေးပါတယ် ဆိုခါမှ ပစ်ချခဲ့ကြတယ် ဒါဆို သူတို့လိုချင်တာက အချစ်မဟုတ်ပဲ ဘာများဖြစ်မလဲ လို့တောင် Jaehyun ကတွေးမိတယ် ဒီတိုင်း ခက်ခဲတဲ့အရာတစ်ခုကို ရမရ  ကြိုးစားကြည့်ချင်ရုံပဲလား?ခက်ခဲတဲ့gameတစ်ခု ကစားသလိုမျိုးလေ?

အဲ့တာက Gameတစ်ခုသာ အမှန်ဆို စစ်မှန်တဲ့ နှလုံးသား
ကို‌ ပေးမိတဲ့ သူ့ရဲ့ တီလေးနဲ့ ကိုကိုက အရှုံးသမားတွေ
ဖြစ်ခဲ့တာလား သေချာတာတစ်ခုကတော့
အချစ်ဆိုတာက ပေါပေါပဲပဲ အရာတစ်ခုပဲဖြစ်တယ်
အဲ့တာကြောင့် သူက ဘယ်တော့မှ အချစ်ကို မရှုံးနိမ့်ချင်ဘူး
သူကပဲ player လုပ်ရင် လုပ်လိုက်မယ်

ဒါပေမယ့် သူက အဲ့နေ့က အဲ့လူနဲ့ မတွေ့ခဲ့ရင် သူဟာဒီလို
အမြဲတမ်း ပြောနေနိုင်လောက်မယ် ထင်ပါရဲ့
အဲ့လူက သူ့အတွက် လေညှင်းလေးတစ်စင်းလိုပဲ
ခပ်တိုးတိုးလေးကြားရတဲ့ရယ်သံသဲ့သဲ့လေးက သူ့ကို နွေးထွေးစေတယ် သူ့ရဲ့စိတ်တွေက နူးညံ့သွားသလိုမျိုးပဲ

"ရာ့ မင်းငါ့ကို မလှည့်စားနဲ့လေ မင်းပဲရိုက်မယ်ဆို
မရဘူး မိအောင်ဖမ်းမယ် ငါ့ကိုလာမစမ်းနဲ့"

ခပ်လှမ်းလှမ်းကနေ ကြားလိုက်ရတဲ့ အသံလေးနဲ့အတူ
သူ့ဆီကို တည့်တည့်ပြေးလာတဲ့ ကြောင်လေး ကိုတွေ့လိုက်ရ
တော့ Jaehyun က လက်ကလေးနဲ့ ပွတ်သပ်ပေးမိသည်
ကြားလိုက်ရတဲ့ ခြေသံလေးကြောင့်
သူလှည့်ကြည့်လိုက်တော့ သူ့ကို ပြူးကြောင်ကြောင်လေးနဲ့
ကြည့်နေတဲ့ လူက တကယ်ကိုအရိုးခံလေးလိုပဲ

"မင်းကို ငါ ‌မနက်ဖြန်ကြ လာမကြည့်ပဲ နေတော့မယ်
ငါ့စကားနားမထောင်ဘူး "

သူ အသံထွက်ပြီးတောင် ရယ်မိသွားတယ် အဲ့တာကို
ထိုလူက ဘယ်လို ထင်သွားလဲ မသိပဲ ထွက်ပြေးသွားခဲ့တာ
အဲ့ဒီ မြင်ကွင်းလေးကို သူက ပြုံးနေရင်းပဲ လိုက်ကြည့်ခဲ့တယ်
နောက်ပြီး  နောက်နေ့တွေမှာပဲ  အဲ့လူက သူ့ရှေ့ကို
မကြာခဏ ဆိုသလို ရောက်ရောက်လာခဲ့တယ်

My first and lastWhere stories live. Discover now