6

245 37 6
                                    

"ဟုတ် စီနီယာ ဟုတ် ကျွန်တော် ခနနေရင် လာခဲ့ပါ့မယ်"

ဖုန်းပြောပြီးတာနဲ့ ဒိုယောင်းက စိတ်ကျေနပ်သလို ပြုံး
လိုက်မိသည် သူခုတလော အလုပ်ရှုပ်နေတာ ဘာလို့ဆို
သူ့မွေးနေ့ နီးလာပြီလေ လောဘတက်တယ်ပဲပြောပြော
ကိုယ့်ကိုယ်ကို အထင်ကြီးတယ်ပဲပြောပြော ခုတလောက
Jaehyun နဲ့သူနဲ့ ဆက်ဆံရေးက ကောင်းနေတယ်ဆိုတဲ့
သဘောမျိုး လို့ သူယူဆမိတယ်လေ အဲ့ဒါကိုကောင်းကောင်း
အသုံးချပြီးး သူ့မွေးနေ့ မှာ Jaehyun နဲ့ ပျော်စရာ
အမှတ်တရ အတူလုပ်ဖို့ သူက စီစဉ်နေတာပဲဖြစ်သည်

သူက cake လုပ်တတ်ဖို့ စီနီယာတစ်ယောက်ကို အကူအညီ
တောင်းထားတာပဲ ဖြစ်တယ် အဲ့ကိစ္စကြောင့် ခုရက်ပိုင်းး
Jaehyun ကိုတောင် ပစ်ထားမိသလို ဖြစ်နေပြီ

"Jaehyun?"

သူ့ခေါ်သံကိုကြားတော့ Jaehyun ‌ကတော့ လှည့်
မကြည့်လာပေမယ့် Jaehyun ရှေ့က ကောင်မလေးက‌
တော့ လှည့်ကြည့်လာသည်

"တောင်းပန်ပါတယ် အနှောင့်အယှက်ပေးမိပြီ"

Doyoung က တောင်းပန်လိုက်ရင်း အဲ့ဒီမြင်ကွင်းကို
လျစ်လျူရှုလိုက်ပြီး သူသွားစရာရှိတဲ့နေရာကိုသာ
ခြေလှမ်းမြန်မြန်နှင့်ပြေးသွားတော့သည်
သူအဲ့မိန်းကလေးကို မှတ်မိပါရဲ့ အရင်ကJaehyun
နဲ့ တတွဲတွဲ မြင်ဖူးတယ် ခု နှစ်ယောက်က စကားရပ်ပြော
နေကြပုံရတယ် ဘာအကြောင်းများလဲဆိုတာကို ဒိုယောင်းက
မတွေးမိအောင် အတင်းဖိအားပေးနေရတယ်
သူသိပ်၀မ်းနည်းနေတယ် ဂျယ်ဟျွန်းက သူ့ကို မသိသလို
လျစ်လျူရှုထားတာအတွက်ပဲလား အရင်ကောင်မလေးနဲ့
အတူပြန်မြင်လိုက်ရလို့ပဲလား မသိပေ ဒါပေမယ့်
ဒါတွေက သူ့အတွက် ထူးဆန်းတဲ့အကြောင်းအရာတွေမှ
မဟုတ်တော့ပဲ အဓိက က Jaehyun နားသူရှိနေသ၍
Jaehyun အတွက် အကောင်းဆုံးသော အရာတွေ
ပေးဖို့ပဲလေ ခု အဲ့တာကိုအာရုံစိုက်ရမယ် မလား

သူက ကိုယ့်ကိုယ်ကို အားပေးးရင်းးသာ စီနီယာ ခေါ်ရာ
နေရာဆီ ခပ်မြန်မြန်သွားလိုက်တော့သည်
---------------------------------------------------------
"ကျွန်တော် တကယ်ကို ကျေးဇူးအများကြီးတင်ပါတယ်
စီနီယာ ကူညီပေးလို့ပေါ့ မဟုတ်ရင် ကျွန်တော့်အတွက်
ခက်ခဲနေမှာ "

My first and lastWhere stories live. Discover now