J 4

264 33 0
                                    

"Jaehyun"

လုံး၀ လှည့်မကြည့်ချင်ခဲ့ ဘူး Doyoung က သူ့ကို
ကစားနေတယ်လို့ သူထင်လာတယ် သူ့ကိုကြ စာတွေပဲပို့
နေပြီး တခြား လူဆီကြ တတွဲတွဲ သွားနေတာမဟုတ်လား

"တောင်းပန်ပါတယ် အနှောင့်အယှက်ပေးမိပြီ"

Doyoung ထွက်သွားတာန‌ဲ့ တပြိုင်နက် Jaehyun
က လိုက်သွားဖို့ ပြင်လိုက်ပေမယ့် လက်ကိုဆွဲလာတာကြောင့်
သက်ပြင်းတို့ကိုချမိသည်

"တကယ်တော့ ငါတချိန်လုံးသိချင်နေခဲ့တဲ့ အဖြေက
Kim Doyoung ပဲ "

"ဘာကိုလဲ"

"တချိန်လုံး အဖက်မလုပ်ခဲ့တဲ့လူက ခနလောက်တွဲကြည့်ပါ
ဆိုတဲ့ ငါ့စကားကို ရုတ်တရက် လက်ခံရတဲ့ အကြောင်းလေ
ငါမှမဟုတ်ဘူး တခြားမိန်းကလေးတွေရောပဲ မလား"

"ဘာတွေပြောနေဝာာလဲ"

"ငါဘာတွေပြောနေလဲ နင်အသိဆုံးပါ Jaehyun
Kim Doyoung ရှေ့ကိုလာချင်တာနဲ့ သူနဲ့အတန်းတူတဲ့ ငါတို့ကို ရုတ်တရက် လက်ခံခဲ့တာ အဲ့တာကို မငြင်းနဲ့ !"

"ထပ်ပြီး တောင်းပန်ပါတယ် အဲ့တာတွေအတွက် ထပ်ပြီး"

"မတောင်းပန်ပါနဲ့ နင်ကိုယ်တိုင်က ပိုပြီး သနားစရာကောင်း
နေတယ်ဆိုတာ ငါခု သိပြီထင်တယ် "

"သွားတော့မယ်"

Jaehyun က အဲ့စကားတွေ ကိုမကြားချင်တော့တာကြောင့် ထွက်လာခဲ့တယ်
ဟုတ်တယ် သူပြောဝာာတွေက အမှန်တွေပဲ
Doyoung သူ့ရှေ့ပေါ်မလာတဲ့ အချိန်တွေမှာ
ကြံရာမရပဲ အသုံးချမိသလို ဖြစ်ခဲ့မိတာ
Doyoung က သူ့ကို တစ်‌ယောက်ပြီးတစ်ယောက်
လွယ်လွယ်လက်ခံနိုင်တာ လို့ ထုတ်ပြောလာတဲ့အချိန်မှာ
မင်းကြောင့်လေ လို့ ထုတ်ပြောချင်ခဲ့တာ ဟုတ်တယ်
သူလုပ်ခဲ့သမျှက Doyoung ကြောင့်ကြီးပဲ
ဒါပေမယ့် အရာထင်ခဲ့တာပဲလေ သူ တခြားမိန်းကလေးတွေ
နဲ့ Doyoung ရှေ့ရောက်သွားပြီးတိုင်း Doyoung
က သူ့ရှေ့ အရင်လို ပြန်ပြန်ရောက်လာခဲ့တာ
အဲ့တာအတွက် သူ့လုပ်ရပ်တွေကို နောင်တမရခဲ့ဘူးး

လက်လျှော့စေချင်ခဲ့ တာလို့ သူ့ကိုယ်သူ တစ်လျှောက်လုံး
ထင်ခဲ့သမျှ သူကိုယ်တိုင် Doyoung ကိုအဲ့ကတည်းက ဆွဲခေါ်နေခဲ့တယ်ဆိုတာကို သူ ကိုယ်တိုင် ခုမှ သဘောပေါက်သွားခဲ့တယ်
---------------------------------------------------------

My first and lastWhere stories live. Discover now