2

297 39 0
                                    

တစ်စုံတစ်ယောက်ကသာ ဒီလမ်းကိုပဲ ပြန်တိုး၀င်
လိုက်ရတာအတွက် နောင်တရမိလား လို့ မေးရင်
Kim Doyoung ရဲ့အဖြေကတော့ ဟင့်အင်းပါပဲ
ခုဆို Doyoung က Jaehyun ရဲ့ ရှေ့မှာ
ထိုင်နေတာလေ ဒီလိုမျိုး ထိုင်ရတိုင်း
မေးထောက်ပြီးတော့ ကိုသတိလက်လွတ်
ထိုင်ကြည့်နေမိတာကြောင့် တခါတလေမှာ
ဘာမှစကားမပြောမိလိုက်ပဲ အချိန်ကုန်သွားတတ်တာ
များသည် ဒါပေမယ့် အရှေ့ကလူက သူ့ကို
တစ်ချက်တောင် ကြည့်မလာတတ်တာများပါတယ်
ဒါပေမယ့် ဒီနေ့တော့ မရတော့ဘူးး
မနက်ဖြန် weekendမို့ ဒီလို တွေ့ရဖို့က
မဖြစ်နိုင်လောက်ဘူး ဒါ့ကြောင့် စကားလေးတော့
ပြောရမယ်မလား

"Jaehyun "

လှမ်းကြည့်လာတာကြောင့် စိတ်တွေကပိုတောင်
လှုပ်ရှားလာသလိုပဲ

"ဟိုဟာ ညကြ ငါ ဖုန်းခနဆက်လို့ရမလား ဟို
မင်းစိတ်အနှောင့်အယှက် ဖြစ်စေတယ်ဆို ရပါတယ်
ငါဒီတိုင်း ပြောတာပါ "

Jaehyun က တစ်ချက်ပြုံးလိုက်တာ သူ
တွေ့လိုက်တယ် ဘာအဓိပ္ပါယ်လဲဆိုတာကို
သူ မသိပါ ဒါပေမယ့် သူက ကောင်းတဲ့
အ‌ခြေအနေတော့ မဖြစ်နိုင်ဘူးဟု သတ်မှတ်ကာ
အမြန် ပြန်ရုတ်သိမ်းဖို့ ပဲပြင်လိုက်ပေမယ့်
အချိန်ကိုက်ထလာတဲ့ ဖုန်းကြောင့် သူက
ထုတ်ကိုင်မိလိုက်သည်

"အင်း ပြော "
" ခု ကျောင်းဆေးခန်းမ‌ှာလား အိုခေအိုခေ
ခုပဲ လာခဲ့မယ် စိတ်လျှော့ထား "

ရန်ဖြစ်လာတယ်လို့ ဖုန်းဆက်လာတဲ့ Haechanကြောင့်
Doyoung က ချက်ချင်းပဲ ထသွားဖို့ ပြင်
လိုက်ပေမယ့် အရှေ့က သူ့ကိုကြည့်နေပုံရတဲ့
Jaehyun ကို သတိထားမိသွားကာ
နှုတ်ဆက်လိုက်ပြီး ထသွားမိတော့
သူ့ကို တစ်ခုခု ပြောလိုက်သံလေး ကြားလိုက်တယ်လို့
ခံစားလိုက်ရပေမယ့် သူ့စိတ်တွေက ကျောင်းဆေးခန်း
ဆီကိုသာ အပြေးသွားနေတာမို့ သူက
ပြန်မလှည့်ကြည့်မိတော့ပေ
---------------------------------------------------------
"ဖုန်းခေါ်ရမလား"
"ဖုန်းမခေါ်ရဘူးလား"

သူက လက်ထဲက ပန်းပွင့်ဖတ်လေးတွေကို
တစ်ဖတ်ဆီခြွေရင်းး ဆုံးဖြတ်ချက် ချနေ၏

"ဖုန်းမခေါ်ရဘူးလား"

အဆုံးသတ်သွားသည် ဒါ့ကြောင့် ဆံပင်တွေကို
ထိုးဖွချပစ်ကာ စိတ်ပျက်လက်ပျက်နှင့်
အော်ပစ်မိသည်

My first and lastWhere stories live. Discover now