Epi--5

660 114 93
                                    

_Uni_

လှုပ်ရှားနေသည့်ပစ်မှတ်လေးခု....

ပိုမိုများပြားလာသည့် မြားများ....

"ဂျောင်ကု မင်းတို့နှစ်ယောက် သွားတော့။" 

ဆိုးလ်အသံက အနည်းငယ်မောဟိုက်နေပုံပေါက်သည်။ Betaနှစ်ယောက်လုံး၏မျက်နှာတွင် ချွေးစအနည်းငယ်ထွက်နေကြပြီ။

ပျံ့လွင့်နေသော ‌အားကောင်းလွန်းလှသည့် Alpha Pheromones များက သူတို့အပေါ်တွင်ပင်သက်ရောက်လာလေပြီ။ ဖိနှိပ်ခြင်းမျိုးမဟုတ်သော်လည်း အားကောင်းလှသည်မို့ သူတို့ သတိထားတောင့်ခံနေကြရပြီဖြစ်သည်။

"‌ဆော့ဂျင် မင်းလည်း သွားတော့။"

ရှင်းကပါ ပြောလာလေသည်။ သူ့အသံသည်လည်း တုန်ယင်နေပြီ။ သို့သော် ထိုသူနှစ်ယောက်မှာ ပတ်ဝန်းကျင်ကို သတိမမူမိသည့်အလား ရှိနေ၏။ ထို့အတွက် ထိုသူနှစ်ယောက်နှင့်နီးရာသို့ ရောက်ရန် ကြိုးစားနေရ၏။

ရှင်းသည် သူ့ဝမ်း‌ဗိုက်ဆီသို့ တိုးလာနေသောမြားကို ကိုယ်တစ်ပတ်လည်ကာ ရှောင်ရင်း ဂျောင်ကုတို့နား ရောက်သွားသည်။

"ဆော့ဂျင်"

ရှင်း၏လက်က ဆော့ဂျင်ပုခုံးတစ်ဖက်ကို ခပ်ဖွဖွပုတ်သည်။

ရွှေညိုရောင်မျက်လုံးများ အနက်ရောင်ပြောင်းရင်း ထိုအခါမှ ပတ်ဝန်းကျင်ကို ဆော့ဂျင် သတိပြန်ထားမိသည်။ တွဲလျက်ရှိနေသေးသော ဘယ်လက်ကို အသာရမ်း‌မိတော့ အပြာရောင်မျက်ဝန်းများလည်း ဖြတ်ကနဲ ပျောက်ကွယ်သည်။ ဂျောင်ကုလည်း ပတ်ဝန်းကျင်ကို သတိထားမိရင်း သူ့Pheromonesများ အများအပြားပျံ့နှံ့နေခြင်းကို အံ့ဩနေသည်။ နှစ်ယောက်လုံး ရနံ့များကို အလျင်အမြန် ထိန်းလိုက်ကြရင်း မျက်လုံးချင်းမစုံမိအောင် ရှောင်ဖယ်ကြသည်။ တစ်နည်း သူတို့နှစ်ယောက်စလုံး ရှက်ရွံ့နေကြသည်။

"‌ဂျောင်ကု မင်းတို့နှစ်ယောက်သွားတော့။ ငါတို့ထိန်းထားမယ်။"

ဆိုးလ်က ထပ်ခါအော်ပြောရင်း သူ့ကိုယ်လုံးကို လှုပ်ရှားမှုများအောင် လှည့်ပတ်သည်။ ယန္တယား၏ သဘောတရားကို နားလည်လာသော ရှင်းသည်လည်း ထိုနည်းတူ လှုပ်ရှားသည်။ ထိုအခါ ဂျောင်ကုတို့ နှစ်ယောက်အတွက် အခွင့်အရေး ပိုရသွားသည်။

Du-AL [A/B/O]Where stories live. Discover now