_Uni_ဝတ်ထားသော အင်္ကျီကို တရှုံ့ရှုံ့ အနံ့ခံနေသော ဆော့ဂျင်ကိုကြည့်ပြီး ဂျောင်ကု ကျေနပ်နေသည်။ တမင်ပင် သစ်မွှေးနံ့တွေ လှိုင်လှိုင်ထနေသည့် ဝတ်စုံကို ပေးဝတ်လိုက်ခြင်းဖြစ်သည်။
"ဂျောင်ကု မင်းအင်္ကျီက အနံ့က ရက်စက်ပဲ။ ဘာလို့ ဒီလောက်တောင် ပြင်းနေရတာလဲ။"
တော်တော်ကြာအောင် အနံ့ခံနေပြီးနောက် ဆော့ဂျင်က မနေနိုင်စွာထုတ်ပြောလာသည်။
"ဘာလဲ Omegaတွေကြားထဲမှာ ကိုယ်ပိုင်အနံ့လေးတွေ ထုတ်ကြွားပြီး ဖျားယောင်းလို့ မရတော့လို့ မကျေနပ်နေတာလား။"
သူ့ စကားအဆုံး ဆော့ဂျင်က သိသိသာသာပင် မျက်ခုံးကို ပင့်ပစ်သည်။
"မင်း Rutက တော်တော်ဆိုးဆိုးပါကလား။ နှုတ်ခမ်းက ငါ့ကိုလာထိုးတော့မယ်။"
ဂျောင်ကုက မကျေမနပ်ဖြစ်ကာ စူနေသောနှုတ်ခမ်းကိုသာ တွင်တွင်စူထားသည်။ သူဘယ်လိုပြောကာ ဆော့ဂျင်ကို တားရမည်ကို သူမသိ။ Omegaတွေဆီကို မသွားစေချင်တာပဲ သိသည်။ လုပ်ချင်တာတွေကို တားလိုက်လို့ မျိုးနွယ်စုဆီကို အတင်းပြန်သွားမည်ကိုလည်း စိုးရိမ်သည်။ သူဘယ်လောက်ပဲ မကျေနပ်ကြောင်းတွေ အကောင်လိုက်ပြနေပေမဲ့ တုံး,အသူ ဆော့ဂျင်က အရိပ်ကလေးမျှပင် မမြင်။
"ဆော့ဂျင် ဘယ်သွားနေတာလဲ။ ရှေ့ဆက်သွားရင် မြားဝင်္ကပါကို ရောက်တော့မှာ။ ဘယ်နေရာမှာ ချိန်းထားတာလဲ ပြောလေ။"
ရှေ့မှ အားကြိုးမာန်တက်သွားနေသူကို ဂျောင်ကုတားရတော့သည်။ ဆော့ဂျင်က မျိုးနွယ်စုက လမ်းတွေကို ဖြောင့်တန်းအောင် သွားနိုင်လိမ့်မည် မဟုတ်။ ထို့ပြင် ဆော့ဂျင်လို သီးခြားအေးဆေးစွာနေတတ်သူက ယခုမှ Omegaတွေနှင့် အတူချိန်းထားသည်ဆို၍ သူ့သိလိုစိတ်တွေ ထိန်းမရဘဲဖြစ်နေရခြင်းဖြစ်သည်။
"တစ်နေ့ကတုန်းက ဒီအတိုင်းပဲ လာတာပါ။"
ဟိုကြည့်သည်ကြည့်ဖြင့် အနည်းငယ်စူးစမ်းပြီးနောက် သူ့ကို တည့်တည့်ကြီး မျက်စောင်းထိုးချလာသည်။ သူ့မှာ မျက်ခုံးနှစ်ဖက်က မြင့်တက်သွားပြီး မေးခွန်းသင်္ကေတတွေ တန်းစီသွားသည်။

YOU ARE READING
Du-AL [A/B/O]
FanfictionImpossible, uh? We will crop 'Im' in it! ..... JinKook...... #30.5.2022 #Freya&Mirror #collaboration