Ep -- 16

357 48 25
                                    

Uni

ပျောက်သွားသည့် Alphaငယ်လေးများမှာလည်း အသွင်ပြောင်းကာနီး Alphaများချည်းဖြစ်သည်။ ကိုယ်ပိုင်ရနံ့မသိနိုင်သေး၍လည်း စောင့်ရှောက်ပေးနေရသော သူတို့၏ ရနံ့များဖြင့်သာ ထိုအကောင်ငယ်များကို အမှတ်အသားထားကြသည်။ ရနံ့မရနိုင်သော Betaများအတွက် အသံကိုအဓိကထားကာ စောင့်ရှောက်ကြရသည်။
 
ဖျော့တော့သော သစ်မွှေးနံ့က တဖြည်းဖြည်း ပျောက်ကွယ်လုနီးပါး အခြေအနေမို့ ဂျောင်ကု မျိုးနွယ်စု အရှေ့ပိုင်းဆီကို သုတ်ခြေတင် ပြေးနေလိုက်သည်။ သူကိုယ်တိုင်စောင့်ရှောက်ပေးနေရသော Alphaလေး ဖြစ်ပုံရသည်မို့ တစ်ခုခုဖြစ်သွားလျှင် သူကိုယ်သူ ပိုကာ ခွင့်လွှတ်နိုင်မည်မဟုတ်။

သစ်ပင်ကြီးများက သူ့နောက်တွင်အလျှိုလျှိုကျန်ခဲ့ပြီး တဖြည်းဖြည်း သစ်ပင်ဝါးပင်ပါးလျသောနေရာသို့ ရောက်လာသည်။ ရှေ့မှ ခြေသံများကို ကြားလာရပြီ ရှုပ်ထွေးသော ရနံ့များကြောင့် သူ သတိကပ်ထားပြီး အရှိန်ကို ထပ်မြှင့်လိုက်သည်။

'ဂျောင်ကု'

  သူ့စိတ်အာရုံထဲတွင် ဂျွန်ခေါင်း‌ဆောင်ဆီမှ စိတ်ချင်း ဆက်သွယ်သည့် အသံက အလောတကြီးဖြင့် ပေါ်ထွက်လာသည်။ တည်ငြိမ်သည့် မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်သည်ပင် ယခုကိစ္စအတွက် အနည်းငယ်မျှ တုန်လှုပ်နေသည်။

'ပင်မမျိုးနွယ်စုကို ရောက်တော့မယ်။ ကျွန်တော် အရင်ရောက်ဖြစ်မယ်။ လိုက်လာခဲ့ကြပါ။'

မျိုးနွယ်စုခေါင်းဆောင်ဆီမှ စိတ်ချင်းဆက်သွယ်မှုကို သူ ပြန်ဖြေရင်း ပတ်ဝန်းကျင်ကို စူးစမ်းသည်။ လူအသွင်ကို ပြန်ယူရင်း နဘေးမှ အမြင့်ဆုံးသစ်ပင်တစ်ပင်ပေါ်ကို တက်လိုက်သည်။ သစ်ခက်သစ်လက်တို့ ဖျာကျနေပြီး လုံးပတ်အနေတော် သစ်ပင်တစ်ပင်ဖြစ်သည်။

ထင်းရှူးဝင်္ကပါနှင့် သူတို့မျိုးနွယ်စုကြားတွင် သစ်ပင်ကြီးငယ်ပြတ်လပ်သော ကွင်းပြင်ကျယ်ကြီးခြားထားသည်။ ထိုကွင်းပြင်ကို မြင်နိုင်လောက်သော အနေအထားထိရောက်မှ ပတ်ဝန်းကျင်ကို ဖြန့်ကျက်ကာ ကြည့်မိသည်။ သစ်မွှေးရနံ့ကို ခြေရာခံရင်း တစ်နေရာအရောက်တွင် သူ့မျက်လုံးတွေ ဝိုင်းစက်သွားရသည်။

You've reached the end of published parts.

⏰ Last updated: Aug 23 ⏰

Add this story to your Library to get notified about new parts!

Du-AL [A/B/O]Where stories live. Discover now