Epi--2

899 132 40
                                    

_Uni_

လွန်လေပြီးသောအချိန်စက်ဝန်းသည် ၁၅နှစ်တာအပိုင်းအခြားကို အရှိန်အဟုန်ဖြင့်ထားရစ်ခဲ့လေပြီ။

တစ်မြေ တစ်ရေ တစ်ရာသီ သစ်ပင်တို့ထူထပ်အုပ်မှိုင်းလာသော တောသည် မှိုင်းကာညို့၏။ မြင့်မားသောတောင်တန်း၏အလွန်တွင် သူတို့၏ချက်မြုပ် သူတို့၏မွေးဖွားရာဇာတိမြေသည် အခိုင်အမာတည်ရှိနေသည်။

အစွယ်တဖွားဖွား အင်အားကြီးမားသောသူတို့ဝံပုလွေမျိုးနွယ်စုများသည် ဤတောကိုအမှီသဟဲပြုကျက်စားနေကြခြင်း။

လနတ်ဘုရားမ၏ကောင်းချီးပေးမှုနှင့် လူအသွင်သို့ပြောင်းလဲတည်ရှိနိုင်သည့် စွမ်းအားကြီး ဝံပုလွေမျိုးနွယ်စုများသည် ကြီးမားသောတော၏အဓိကအရပ်မျက်နှာ အရှေ့ အနောက် တောင် မြောက် လေးရပ်တွင်အသီးသီးနေရာယူကြသည်။ မျိုးနွယ်စုလေးစုကို ထိန်းချုပ်ကွပ်ကဲသည့် ပင်မဝံပုလွေမျိုးနွယ်သည် တော၏အလယ်ဗဟိုချက်မတွင်ရှိ၍ သူ၏အုပ်ချုပ်မှုကို ကျန်မျိုးနွယ်စုများသည်နာခံရလေသည်။

သို့သော် ~ စည်းမျဥ်းရှိသည်။

ဤစည်းမျဥ်းကား...

လေးမျက်နှာအရပ်မှဝံပုလွေတို့သည် အချုပ်အခြာအာဏာတည်သော ပင်မဝံပုလွေမျိုးနွယ်စုသို့ ဝင်ရောက်ခိုလှုံနိုင်ရန်အခွင့်အရေးရှိသည်။ တစ်နည်းအားဖြင့် ပင်မအာဏာစက်ကို တရားသောနည်းဖြင့် ယှဥ်ပြိုင်ကြီးစိုးခွင့်ရှိ၏။ သို့သော် ထိုယှဥ်ပြိုင်ပွဲတွင် ဦးတည်သတ်မှတ်ချက်ရှိသည်။

ဤမှာ~မြင့်မြတ်သောအနွယ်ဖြစ်ခွင့်ရှိသူများသည် မိမိမျိုးနွယ်စု၏အမွေကိုဆက်ခံခွင့်ရှိသူများသာဖြစ်ရမည်။

---

လေဟုန်နှင့်အပြိုင် တောင်အဝိုက်ကိုခွင်း၍ တရိပ်ရိပ်ပြေးတက်လာသည့် ဝင့်ကြွားထည်ဝါသည့်ဝံပုလွေနှစ်ကောင်... ပြာလွင်လွင်ကောင်းကင်အောက် အရှိန်ဖြင့်ပြေးလာလျက် ခွပွပွအသွေးအမွှေးများကို လေအားဖြင့်ပိကျစေသည်။ ဘေးချင်းယှဥ်၍ပြိုင်ဆိုင်နေကြသည့်သူတို့သည် တောင်ပေါ်တက်ပြီး၍တောင်ကိုပတ်ကာ ဆင်ခြေလျှောအတိုင်း ဆင်းပြန်သည်။
တောင်ခြေအရောက် အညိုရင့်ရင့်အသွေးရှိသောဝံပုလွေမှ သူ့ရှေ့အနည်းငယ်ခြေလှမ်းဦးနေသည့် မဲနက်တောက်ပြောင်သောအသွေးရှိသည့်ဝံပုလွေကို မာန်ဖီပြသည်။

Du-AL [A/B/O]Where stories live. Discover now