Ep --12

560 81 28
                                    

Uni

တောတောင်သစ်ပင်များ မပေါများသည့်နေရာတစ်ခုဖြစ်သည်။ ထိုတောတောင်သစ်ပင်များအစား မိုးထိထိုးထောင်တက်နေသော အဆောက်အအုံများသည် နေရာအနှံ့အပြားတွင်နေရာယူ၏။ တစ်နှစ်ပတ်လုံးနေမှ သုံးလေးခါ ခေါက်ပြန်ဖူးသောလူသားများနေထိုင်ရာမြို့သည် မစိမ်းတော့သော်လည်း ရင်းနှီးကျွမ်းဝင်နေခြင်းမဟုတ်။ သို့သော် သူတို့လိုချင်သည့်နေရာကိုရေရေလည်လည်သွားနိုင်သည်၊ စားနိုင်သည်၊ တစ်ခါတစ်လေ လူတို့၏နေထိုင်သွားလာမှုကိုလေ့လာသည်။ ဖွံ့ဖြိုးလာသည့်အနေအထားအလိုက် တိုးတက်လာသော နိုင်ငံခြားစကားလုံးများကို အနည်းနှင့်အများသင်ယူသည်။ မည်သို့ဆိုစေကာမူ ထိုအချက်တစ်ချက်နှင့်ပင် ဝံပုလွေလောကသားများကို ဆိုးလ်တို့အနိုင်ယူလာခဲ့ခြင်း။ ယခုဖြင် သူ့နည်းတူ လူသားများကိုစိတ်ဝင်စားသည့် မျိုးနွယ်စုကွဲ သူငယ်ချင်းတစ်ယောက်ပါလာသည်။

"ရှင်း! ဘယ်လိုလဲ ပျော်ရဲ့လား။"

"ခံစားချက်ကတော့ not bad!"

"အဟားးး"

ရှင်း၏သင်ယူမှုကိုကြည့်၍ ဆိုးလ်အားရပါးရရယ်သည်။

"နောက်တစ်ခါဆိုလည်း အချိန်မရွေးနော်။ ကင်မ်က မင်းတို့မျိုးနွယ်စုမှာမို့ မင်းနဲ့အဖော်လိုက်ပေးလို့ရတယ်"

ကင်မ်တစ်ယောက် ဂျွန်မျိုးနွယ်စုတွင်တစ်နှစ်နေချိန်တွင် ကင်မ်ဆီအလည်သွားရင်း ကင်မ်ရှင်း သူ၏တာဝန်ကို ပျက်ကွက်စာရင်းသွင်းထားမည်။ ကင်မ်မျိုးနွယ်စု၏ဆက်ခံသူသည် တခြားမျိုးနွယ်စုကို အလွဲလွဲအချော်ချော်ရောက်သွားခြင်းမဟုတ်။ တရားဝင်ပြိုင်ပွဲကို ယှဥ်ပြိုင်ရင်း မျိုးနွယ်စုအကြီးအကဲ၏ အပေးအယူအတိုင်း အထူးၔည့်သည်အနေဖြင့်သွားရသည်ဖြစ်၍ စိုးရိမ်စရာမရှိ။ ဂျွန်မျိုးနွယ်စုတွင် ကင်မ်တစ်စုံတစ်ရာထိခိုက်ခဲ့လျှင် နှစ်ဦးနှစ်ဖက်မျိုးနွယ်စုတို့ အဆီအငေါ်တည့်ကြတော့မည်မဟုတ် တစ်ဖက်ဖက်ကထကြွလာမည်ဖြစ်၍ ဂျွန်မျိုးနွယ်စုသည် အထူးသတိထားရသည်။
ထို့ကြောင့်ပင် သူအေးအေးလူလူ ဆိုးလ်နှင့်အဖော်လိုက်လာခဲ့ခြင်း။ တစ်နှစ်နေမှတစ်ခေါက်တောင်ဖြောင့်အောင်မရောက်သောရှင်းအတွက် ဆိုးလ်ဆိုသူသည် ၔည့်လမ်းညွှန်တစ်ယောက်ဖြစ်နေ၏။

Du-AL [A/B/O]Where stories live. Discover now