Uni
ဆည်းဆာနေဝင်ချိန်တည်းက နှင်လာသောခရီး...
ယခုအချိန်သည် အမှောင်ထုကြီးစိုးနေပြီဖြစ်၍လမ်းသည်လရောင်ဖြင့် ရေးရေးထင်းထင်းလေးလင်းနေသည်။ သူတို့သည် အနောက်ဘက်မျိုးနွယ်စု၏မိုးမခပင်ကြီးကိုလည်း ကစုန်ပေါက်ကာဖြတ်ခဲ့ပြီးပြီး။ ခြားထားသောချောင်းကိုလည်း ပျံလွှားကျော်ခဲ့ပြီးပြီ။
အရှေ့ဘက်မျိုးနွယ်စု၏ လမ်းအသွယ်သွယ်တို့ကိုလည်း ကွေ့ကာပတ်ကာ လျှောက်လာခဲ့ကြပြီးပြီဖြစ်သည်။"ဟူးးး ရောက်ပြီ"
"ဟင် လျှို့ဝှက်ဂူ"
ဆော့ဂျင် သက်ပြင်းချပြီးချင်း ဂျောင်ကုဆီမှလျှို့ဝှက်ဂူဆိုသည့်စကားကြားရသဖြင့် နှုတ်ခမ်းလေးတွန့်ရုံပြုံးလိုက်၏။ ဒီကောင်လေးမှတ်မိနေသား။ သူတို့ဂူအတွင်းသို့ဝင်လိုက်သည်။ ကျောက်သားကျောက်စိုင်များသည် ထူထူထဲထဲမို့ ကြယ်ရောင်လရောင်ပင်မမြင်ရ။ ဆော့ဂျင်က မီးပုံတစ်ခုလုပ်သည်။ အစီအစဥ်တကျရှိသည့်စာအုပ်များသည် ခပ်ပြားပြားကျောက်သားအချို့ပေါ်တွင်ရှိကြပြီး ဘေးတွင် အိပ်ဖို့ရာထင် ကျောက်ပြားကြီးတစ်ပြားရှိနေ၏။
"ဘာလို့ ဒီကိုလာတာလဲ။ အခန့်မသင့်လို့..."
ဂျောင်ကုက ပတ်ဝန်းကျင်ကိုဟိုကြည့်သည်ကြည့်လုပ်သည်။
"ဒါငါ့နယ်မြေပါ ကြောက်စရာမလိုဘူး"
ဆော့ဂျင်၏လေသံတွင် အာဏာလေးတော့အနည်းငယ်စွက်သွားသည်။
"ဘယ်သူကကြောက်တယ်ပြောလဲ။ မဖြစ်သင့်တာတွေဖြစ်ကုန်မှာစိုးလို့..."
တွေ့လား။ ဂျွန်ဂျောင်ကုတို့ကပြောတော့လည်း သေးသေးလေးတောင်အတင်မခံဘူး ချက်ချင်းကိုချေပတာ။
.......................................
"မျိုးနွယ်စုနှစ်ခုအခြေအနေဘယ်လိုရှိလဲ"
"ကနဦးတည်းက သူ့ဂုဏ်သူ့သိက္ခာနဲ့မို့ ထူးထူးခြားခြားမရှိပါဘူး အကြီးအကဲယူ။ သတ်မှတ်ထားတဲ့အတိုင်း လိုက်လုပ်ကြပါတယ်"
အကြီးအကဲယူ၏ အစောင့်အရှောက် Beta ကြီးမို့မှားယွင်းမည်မဟုတ်။ အကြီးအကဲယူ အမည်မသိအပြုံးလေးပြုံးလိုက်သည်။

YOU ARE READING
Du-AL [A/B/O]
FanficImpossible, uh? We will crop 'Im' in it! ..... JinKook...... #30.5.2022 #Freya&Mirror #collaboration