_Uni_ပင်မမျိုးနွယ်စုကိုရောက်ဖို့အရေး ဝင်္ကပါဆန်လှသောထင်းရှူးတောကို သူတို့ဖြတ်လာခဲ့ရသည်။ ဤသည်က~ ကနဦးစစ်ဆေးခြင်းမည်၏။
ယခု ပင်မမျိုးနွယ်စု၏ဦးဆောင်သူ ယူဆောင်းရှေ့တွင် အရှေ့ အနောက် မြောက် တောင် လေးမျက်နှာအရပ်မှလာကြသည့် ဆက်ခံသူများသည်သူတို့၏ အပေါင်းအဖော်တစ်ယောက်စီဖြင့် စုစုပေါင်း ၈ယောက်ခန့် သူ့ရှေ့တွင် နေရာယူလျက်ရှိသည်။ လေးမျက်နှာ ဆက်ခံသူတို့သည် သူ့အရည်အချင်း သူ့မူနှင့်သူ တည်ကြည်ဖျတ်လတ်ရဲရင့်ကြပုံပေါ်၏။ သို့သော်...ထိုအချင်းအရာများကို ပိုင်ဆိုင်ရုံဖြင့် ဝံပုလွေမျိုးနွယ်စုကို အုပ်ချုပ်ရာမသင့်သေး။ ပရိယာယ်နှင့် စိတ်တန်ဆာဆင်ပုံကို ထိုသူတို့ထိုးထွင်းသိမြင်နိုင်စွမ်းရှိရပေမည်။ မျိုးနွယ်စုလေးစု၏ နယ်မြေအသီးသီးကို ထိုသူများသွားကြရမည်။ ထိုနယ်မြေလေးခုလုံးတွင် ပင်မမျိုးနွယ်စုများပြင်ဆင်သတ်မှတ်ထားချက်များ ရှိ၏။ ထိုအချက်အလက်များကို နယ်မြေခေါင်းဆောင်များသည်ပင် မသိနိုင်၊သိခွင့်လည်းမရှိပေ။
ပင်မမျိုးနွယ်စု၏ဦးဆောင်သူ ယူ သည်သူ့အနားရှိ အပေါ်ပိုင်းအဝတ်ဗလာကျင်းသောကိုယ်၊ ပွယောင်းသောခြေတံရှည်ဘောင်းဘီဖြင့် လူကို ခေါင်းတစ်ချက်ငြိမ့်ပြလိုက်သည်။ သို့နှင့်တစ်ပြိုင်နက် ထိုသူ့ဆီမှ သြရှရှအသံကထွက်ပေါ်လာ၏။
"အရှေ့ဘက်မျိုးနွယ်စု"
ထိုအသံခမောင်းခတ်သည်နှင့် ဂျောင်ကုလွင့်ခနဲပြုံးလိုက်၏။ အနိုင်အရှုံးရှိသော ဤပြိုင်ပွဲတွင် ပထမဆုံးခြေလှမ်းသည် သူတို့၏အရှေ့ဘက်မျိုးနွယ်စုဖြစ်၍ သူတစ်ပန်းသာစွာ အနိုင်ရချင်သည်။ အရှေ့ဘက်ဒေသတွေသည် သူ့မသွားဘူးသောနေရာမရှိသလောက်ပင်ဖြစ်၍ အားတက်ရ၏။
"ရှင်း အဲ့ဒါသူတို့နယ်မြေပဲ"
"ဟုတ်တယ် ငါတို့သတိပိုထားရမယ်"
ဆော့ဂျင်သည် သူ့ဘေးနားမှကင်မ်ရှင်းကို တိုးတိုးကပ်ပြောလိုက်ခြင်း။ ဤသည်ကိုမလုံမလဲဖြစ်သလို ဂျောင်ကု၏မျက်လုံးညိုများ သူ့ဘက်လှည့်လာသည်နှင့် ဆော့ဂျင်အကြည့်လွှဲလိုက်သည်။
YOU ARE READING
Du-AL [A/B/O]
FanficImpossible, uh? We will crop 'Im' in it! ..... JinKook...... #30.5.2022 #Freya&Mirror #collaboration