_Uni_
လနတ်ဘုရားမ၏ နှလုံးသည်းပွတ်ကိန်းအောင်းရာနေရာ။ ဆန်းကြယ်မှုတို့ဖြင့်ပြည့်ဝသည့် နေရာတစ်ခု။ အုံ့ကာမှိုင်းသည့် တောအုပ်အလယ်မှ ပင်မမျိုးနွယ်စု။
ထိုမျိုးနွယ်စုက အကြီးအမှူးပြုသည့် ပြိုင်ပွဲမှာ လေးဘက်မျက်နှာမှ ဆက်ခံသူ Pure Alpha စစ်စစ်များသာ ယှဉ်ပြိုင်ရခြင်းမို့ မျိုးနွယ်စုများကြား အကြီးမားဆုံး ပြိုင်ပွဲဆိုလည်း မမှားပေ။ ယခုတစ်ခေါက်တွင် မြောက်ဘက်မင်မျိုးနွယ်ဆက်ခံသူ မင်ချွန်း၏ စည်းကမ်းဖောက်ဖျက်မှုကြောင့် မြောက်ဘက်မျိုးနွယ်စုမှာ ပြိုင်ပွဲမှ နှုတ်ထွက်သွားရသည်။ ထို့အတူ တောင်ဘက်မျိုးနွယ်စုမှာလည်း ဆုန်းဂွန်း၏ ဒဏ်ရာအခြေအနေကြောင့် နောက်ပြိုင်ပွဲတွင် ဝင်မပါနိုင်တော့ကြောင်း အကြောင်းကြားလာသည်။ ဆိုသည့်အတွက် ပင်မမျိုးနွယ်စု ခေါင်းဆောင်မှ ပြိုင်ပွဲတစ်ခုကို ဖယ်လိုက်ကာ နောက်ဆုံးပြိုင်ပွဲအဖြစ် အနောက်ဘက်မျိုးနွယ်စုတွင် ပြိုင်ရမည့် ပြိုင်ပွဲ တစ်ခုသာ ရှိတော့သည်။မထင်မှတ်ထားသော အဖြစ်အပျက်များကြောင့် ပြိုင်ပွဲရက်သည် အနည်းငယ်အပြောင်းအလဲ ဖြစ်သွားခဲ့ကြောင်း ပင်မမျိုးနွယ်စုမှ ကြေညာသည်။ သို့အတွက် နောက်ဆုံးပြိုင်ပွဲဝင်မည့် ဆက်ခံသူနှစ်ယောက်မှာ ပြိုင်ပွဲမတိုင်မီ နားရက်ရသွားသကဲ့သို့ ဖြစ်သွားရသည်။ သို့သော် တင်းကြပ်သည့်စည်းကမ်းများဖြင့် နေထိုင်ကြရပြီး စောင့်ကြည့်ခံနေရသည်။
ဆိုခဲ့သည့်အတိုင်း ပြိုင်ပွဲစည်းကမ်းများက တင်းကြပ်လွန်းသည့်စည်းမျဉ်းစည်းကမ်းများဖြစ်သည့်အတွက် ကျူးလွန်သူများအနေဖြင့် ကြီးမားသော ပြစ်ဒဏ်ကို ခံကြရသည်။ ချွန်းကိုတော့ ခေါင်းဆောင်မင်၏ တောင်းပန်မှုကြောင့် မျိုးနွယ်စုအတွင်းတွင်သာ ပြစ်ဒဏ်ချမှတ်မည်ဖြစ်ကြောင်း သိရသည်။
ဂျောင်ကုက ပင်မမျိုးနွယ်၏ အရှေ့ဘက်ခြမ်းရှိ သူ့အဆောင်ထဲတွင် အေးအေးလူလူထိုင်နေသည်။ သို့ရာတွင် သူ့ခေါင်းထဲတွင် မျိုးနွယ်စုနှင့်ပတ်သတ်၍ တွေးစရာတွေများနေ၏။
"ချွန်းကိုတော့ မျိုးနွယ်စုကနေ ထုတ်ပစ်လိုက်တယ် ပြောတယ်။"

YOU ARE READING
Du-AL [A/B/O]
FanfictionImpossible, uh? We will crop 'Im' in it! ..... JinKook...... #30.5.2022 #Freya&Mirror #collaboration