Unicode
မနက်ဖြန်ကျောင်းအတူတူတက်ရမည်ဆိုသောအသိစိတ်နှင့်ပင်လူကတစ်ညလုံးမအိပ်နိုင်တော့။ မျက်စိကပဲကြောင်နေသလိုလို ၊ နှလုံးသားကပဲအခုန်မြန်နေသလိုလိုနှင့်။ သေချာတာကတော့နေ့လယ်ကတွေ့ခဲ့သည့်ထိုကောင်လေးကိုနောက်တစ်ကြိမ်ပြန်တွေ့ရတော့မည်ဆိုသောအသိစိတ်နှင့်ပင်ဘဝတွင်ပထမဆုံးအကြိမ်အဖြစ်စိတ်လှုပ်ရှားနေခဲ့မိသည်။
" ပါးလေးကနည်းနည်းလေးဖောင်းပြီးတော့ လူကပုပုသေးသေးလေး...မျက်လုံးလေးကဝိုင်းဝိုင်းလေးကိုမှနှုတ်ခမ်းကစူပုတ်ပုတ်နဲ့ထော်ထားသေးတာ...ဟား ချစ်စရာလေးကွာ......"
နေ့လယ်ကမြင်တွေ့ခဲ့မိသည့်ကောင်လေးရဲ့မျက်နှာကိုအသေးစိတ်ပြန်မြင်ယောင်ရင်းတစ်ယောက်တည်းစကားပြောလိုက် ၊ ရယ်မောလိုက်လုပ်နေတဲ့သူ့ကိုအခြားသူကများတွေ့ရင်ရူးနေသလားဟုထင်ကောင်းထင်နိုင်သည်။ ဒါပေမယ့်သိပ်တော့အာရုံထဲမထည့်မိ ၊ တကယ်လည်းသူ့ကိုယ်သူအဲ့ဒီ့လိုပဲထင်မိတာကြောင့်။
အင်း...ရူးတယ်ဆိုကြရင်လည်းငါကသေချာပေါက်ငြင်းခွင့်မရှိဘူးနှောင်ကြိုးရဲ့...ငါတကယ်လည်းတစ်နေကုန်မင်းမျက်နှာလေးကိုပဲမြင်ယောင်နေမိတာ.......။" မင်းလည်းငါ့ကိုသူငယ်ချင်းလုပ်ချင်ရင်သိပ်ကောင်းမယ်......"
_____________________________________________
တစ်ညလုံးမအိပ်ခဲ့မိပေမယ့်လို့မိုးလင်းသည်နှင့်ကျောင်းသွားဖို့ကိုသာစိတ်စောပြီးပြင်ဆင်နေမိသည်။ အအေးဒဏ်ကြောင့်လက်ကဒဏ်ရာကတဖြည်းဖြည်းပိုကိုက်ခဲလာပေမယ့်လို့ဂရုစိုက်ဖို့တော့အစီအစဉ်မရှိ။
တော်ကြာဆေးပြန်ထည့်နေရရင်နှောင်ကြိုးကိုတွေ့ရဖို့အချိန်တွေဖဲ့ပေးနေရပါဦးမယ်လေ......။အကုန်အဆင်သင့်ဖြစ်အောင်ပြင်ဆင်ပြီးချိန်မှာတော့အချိန်ကမနက်၆နာရီအတိ။ အလင်းရောင်ခပ်ဖျော့ဖျော့သန်းလာသည်နှင့်ခြံထဲပြေးဆင်းကာနှင်းဆီပန်းတစ်ပွင့်ကိုတယုတယခူးယူမိသည်။
ထိုကောင်လေးကလည်းကျွန်တော့်လိုနှင်းဆီပန်းကြိုက်ပုံရတယ်မဟုတ်လား......။ထို့နောက်driverဦးလေးကိုခေါ်ကာနှောင်ကြိုးအိမ်သို့သွားရန်ပြင်မိတော့daddyရဲ့ခပ်ဟဟရယ်သံနှင့်အတူ ' စောပါသေးတယ်သားရဲ့.......' ဆိုသောစကားကြားမှသာလူကကိုယ့်ကိုယ်ကိုသတိပြန်ကပ်မိတဲ့အဖြစ်ပင်။
ဟုတ်တော့လည်းဟုတ်သား....တော်ကြာသူအိပ်နေတာကိုလာနှောင့်ယှက်လို့ဆိုပြီးသူငယ်ချင်းမလုပ်ချင်တော့မှဖြင့်။
YOU ARE READING
ဘယ်သူကကျွန်တော့်ရဲ့နှင်းဆီနီ
Romanceနှင်းဆီနီနီတွေကသိပ်လှတယ်......သိပ်လှတဲ့နှင်းဆီတွေကို လူတွေကလှပတဲ့အဓိပ္ပါယ်တစ်ခုပါသတ်မှတ်ပေးထားကြတယ်လေ...... အကယ်၍များ......နှင်းဆီနီရဲ့အဓိပ္ပါယ်က...' ထာဝရအတွက်အချစ်စစ် ' ဆိုရင်......ဘယ်သူကကျွန်တော့်ရဲ့နှင်းဆီနီဖြစ်မလဲ..... ~~~~~~~~~~~~~~~~~~~~~~~~~...