စိတ်ဒဏ်ရာမျိုးစုံနဲ့ငယ်ဘဝရှိခဲ့ပေမယ့်လို့သန်မာအောင်နေထိုင်တတ်တဲ့လူငယ်ဟာရင်ထဲမှာတော့အရှင်းမပျောက်သေးတဲ့ဒဏ်ရာဒဏ်ချက်ပေါင်းစုံနဲ့။
အထီးကျန်ခြင်းနဲ့မေတ္တာကင်းမဲ့ခဲ့ရခြင်းကသူ့အတွက်ထုံးစံလိုဖြစ်နေခဲ့ပြီးတောင့်တသမျှချစ်ခြင်းတွေကိုမရရှိခဲ့ရခြင်းကလည်းသူ့အတွက်ပုံမှန်လိုဖြစ်နေခဲ့ပြီ။
နတ်ဆိုးလို့သမုတ်တဲ့သူ့ရဲ့နှင်းဆီပန်းလေးကိုနာနာကျင်ကျင်ဆုပ်ကိုင်ကာကွယ်ချစ်ပေးနေရင်းထိုလူသားကပင်ပန်းရလို့ပင်ပန်းရကောင်းမှန်းလည်းမသိခဲ့ဘူး။
စိုးထိတ်မှု ၊ ဝမ်းနည်းမှုတွေပြည့်နေတဲ့မျက်ဆံနီတွေကတစ်မူထူးခြားတဲ့သူ့ရဲ့ပြယုဂ်။မျက်ဆံနီပိုင်ရှင်လေး။ တစ်နည်းအားဖြင့် ချစ်ခြင်းမေတ္တာရပ်ဝန်းမှသွေဖယ်ခဲ့ရတဲ့သူ။
' လင်းအာဏာစက် '
__________
အာဏာ့artလေးကိုချပြချင်ခဲ့တာတော့ကြာပါပြီဗျ။ အခြေအနေအရပ်ရပ်ကြောင့်ကြန့်ကြာသွားခဲ့ရလို့အခုမှပဲချပြဖြစ်ပါတော့တယ်။ ပြောတဲ့အတိုင်းမရမကသေချာလေးပုံဖော်ပေးခဲ့ပြီးအလှဆုံးလေးဖန်တီးပေးခဲ့လို့artist Melon Mistကိုတကယ်ပဲကျေးဇူးတင်ပါတယ်ဗျ။
ဘယ်သူကကျွန်တော့်ရဲ့နှင်းဆီနီ
#MTChel
YOU ARE READING
ဘယ်သူကကျွန်တော့်ရဲ့နှင်းဆီနီ
Romanceနှင်းဆီနီနီတွေကသိပ်လှတယ်......သိပ်လှတဲ့နှင်းဆီတွေကို လူတွေကလှပတဲ့အဓိပ္ပါယ်တစ်ခုပါသတ်မှတ်ပေးထားကြတယ်လေ...... အကယ်၍များ......နှင်းဆီနီရဲ့အဓိပ္ပါယ်က...' ထာဝရအတွက်အချစ်စစ် ' ဆိုရင်......ဘယ်သူကကျွန်တော့်ရဲ့နှင်းဆီနီဖြစ်မလဲ..... ~~~~~~~~~~~~~~~~~~~~~~~~~...