Zawgyi
လက်ကဆေးပိုက်ကိုတောင်ဂရုမပြုမိဘဲ သူ့လက်မောင်းမောင်းပေါ်ခေါင်းအုံးကာအိပ်နေသည့် ကောင်လေး၏ပါးပြင်လေးကိုသာလက်ချောင်းလေးများဖြင့်လိုက်တို့ထိနေမိသည်။
လက်ချောင်းလေးတို့ဖြင့်တို့ထိလိုက်တိုင်း နီရဲနေသည့်နှုတ်ခမ်းပါးလေးကအပြုံးလေးတို့ကလည်းတစ်ချက်တစ်ချက်ပေါ်လွင်လို့လာ၏။
မထိရက်မကိုင်ရက်စရာဒီကောင်လေးကို ပျော်ရွှင်စေချင်တာလည်းမှန်သလို ၊ လက်မလွှတ်ချင်မိတာလည်းအမှန်ပင်။ အကယ်၍များသူလက်မလွှတ်ခဲ့ရင် ဒီကောင်လေးအတွက်ပိုနာကျင်သွားမလား။
"ဟူး……"
ဝေခွဲရခက်သည့်အရာတွေကို တွေးတောရင်းသက်ပြင်းချမိစဉ် ရင်ခွင်ထဲပိုတိုးကပ်လာသည့်ကောင်လေးကြောင့် ခေါင်းအုံးထားသည့်လက်ကိုပိုဆွဲယူကာရင်ခွင်ထဲထည့်ထားလိုက်သည်။
"ချစ်တယ်……"
ခံစားချက်ကိုတိုးဖွဖွဝန်ခံမိသော စကားတစ်ခွန်းသည်ပြောင်းလဲနေသောအချိန်စက္ကန့်နှင့်အတူပျောက်ကွယ်သွားသလို ထိုဝန်ခံချက်ကိုလည်း ကာယကံရှင်နှင့်တိတ်ဆိတ်နေသောအခန်းလေးမှလွဲ မည်သူမျှသိလိုက်မည်မဟုတ်ချေ။
_____________________________________________
ကျောင်းကခုံတန်းလေးတစ်ခုတွင် အတူထိုင်ရင်းcoffeeသောက်နေကြလေသောကောင်လေးနှစ်ယောက်။ coffeeသောက်နေသည်ထက် တစ်ယောက်မျက်နှာတစ်ယောက်ငေးရင်း စကားစမည်ပြောဆိုကာရယ်မောနေကြသည်ဆိုပိုမှန်လိမ့်မည်။
ပြုံးလိုက်တိုင်းချိုင့်ဝင်သွားတတ်သည့် ပါးချိုင့်လေးကိုဆံပင်အညိုရောင်အုပ်အုပ်လေးတွေနှင့်ကောင်ငယ်လေးကငေးကြည့်နေသည်မှာမျက်တောင်မခတ်စတမ်း။
"ကြိုးငယ်…ဒီနေ့ ကိုယ်နဲ့အတူတူပြန်မလား……"
"ဗျာ……"
ရုတ်တရက်မေးလိုက်တဲ့မေးခွန်းကြောင့် လူကပျော်လည်းပျော်မိသလို ကြောင်အသွားမိသည်။
"ဟား……"
ကြားလိုက်ရလေတဲ့ရယ်သံလွင်လွင်လေးနဲ့အတူ ပါးချိုင့်လေးကထင်းခနဲ။
YOU ARE READING
ဘယ်သူကကျွန်တော့်ရဲ့နှင်းဆီနီ
Romanceနှင်းဆီနီနီတွေကသိပ်လှတယ်......သိပ်လှတဲ့နှင်းဆီတွေကို လူတွေကလှပတဲ့အဓိပ္ပါယ်တစ်ခုပါသတ်မှတ်ပေးထားကြတယ်လေ...... အကယ်၍များ......နှင်းဆီနီရဲ့အဓိပ္ပါယ်က...' ထာဝရအတွက်အချစ်စစ် ' ဆိုရင်......ဘယ်သူကကျွန်တော့်ရဲ့နှင်းဆီနီဖြစ်မလဲ..... ~~~~~~~~~~~~~~~~~~~~~~~~~...