Thingyan

1K 65 3
                                    

Unicode

သင်္ကြန်အကျနေ့……။

မနက်၈နာရီခွဲနေပေမယ့်လို့နှောင်ကြိုးတစ်ယောက်မဏ္ဍပ်ကိုမရောက်သေး။ အကြောင်းအရင်းကတော့စတုဒီသာအဖြစ်မုန့်လက်ဆောင်းဝေဖို့အတွက်မေမေ့ကိုဝိုင်းကူပြင်ဆင်ပေးနေရခြင်း။
မုန့်လက်ဆောင်းဖတ်နဲ့ထန်းလျက်ရည်ကိုတစ်ဗူးစီခွဲထည့်ရင်းခြစ်ထားတဲ့အုန်းသီးအထုတ်လေးကိုပါဘေးကတွဲထည့်ပေးထားတော့မြင်ရတဲ့သူအတွက်တကယ့်ကိုစားချင်စရာပင်။

"မေမေ…သားရောစားလို့ရပြီလား……"

"ဟော…မေ့သားလေးကစားချင်နေပြီလား……"

မေမေကအပြုံးလေးတစ်ပွက့်ပြုံးပြကာပြောပြောဆိုဆိုနှင့်ကျွန်တော့်အတွက်တစ်ခါတည်းထည့်ပေးလာသည်။ မုန့်ဗူးတွေလည်းအတော်အသင့်ပြင်ဆင်လို့ပြီးနေပြီမို့မုန့်လက်ဆောင်းပန်းကန်ကိုယူကာအေးအေးဆေးဆေးထိုင်စားနေလိုက်တော့သည်။

"အဲ့ဒါဘာတွေလဲ……"

"အဟွတ်…အဟွတ်……"

ကိုယ့်ဘာသာမုန့်ကိုအာရုံစိုက်ပြီးစားနေတာကိုရုတ်တရက်ထွက်ပေါ်လာတဲ့ခပ်ရှရှအသံကြောင့်လူကနင်သွားပြီးချောင်းပါဆိုးရတဲ့အဖြစ်။
နောက်ကိုလှည့်ကြည့်မိတော့ထုံးစံအတိုင်းအသံမပေးဘာမပေးနဲ့အနားရောက်နေသည့်အပြင်လူကိုစပ်စုစိန်မျက်လုံးနဲ့လာကြည့်နေတဲ့နတ်ဆိုးကောင်။

"ဘာဖြစ်ဖြစ်ပေါ့…မင်းအပူပါလို့လား……"

"ငါ့အပူတော့မပါပေမယ့်……"

အသံကိုဆွဲပြောရင်းလက်ညှိုးကပါကျွန်တော့်ရှေ့ကမုန့်လက်ဆောင်းပန်းကန်ဆီညွှန်ပြလာတာမို့ယောင်နနနဲ့လိုက်ကြည့်မိတယ်။

"အဲ့ဒီ့ဟာကဘာလဲသိချင်တာ……"

"သြော်…ဒါကမုန့်လက်ဆောင်းလေ……"

ပြောပြောဆိုဆိုနှင့်တစ်ဇွန်းခပ်ကာတမင်အရသာခံပြီးသောက်ပြလိုက်တော့မျက်ဆံနီတွေကအသေအချာကိုလိုက်ကြည့်နေသည်။ ပြီးတော့ ' အရသာရှိလား '  ဆိုတဲ့မေးခွန်းမျိုးကိုပါမေးချင်နေလောက်ကြောင်းအကြည့်တွေကသက်သေပြနေလေ၏။
အိမ်း……သူများကိုမကျွေးဘဲတမင်စားပြနေတာငါလေးတော့ငရဲကြီးတော့မှာပဲ။

ဘယ်သူကကျွန်တော့်ရဲ့နှင်းဆီနီWhere stories live. Discover now