EP - 1

17.6K 626 2
                                    

Unicode

"နှောင်ကြိုး……"

"ပြော……"

အချိန်အားဖြင့်ည၁၁နာရီ။
ညဥ့်နက်နေပါသော်လည်းဧည့်ခန်းထဲတွင်တော့အိမ်မှထွက်သွားရန်ဟန်ပြင်နေလေသည့် ကောင်လေးတစ်ယောက်ရယ် ၊ ထိုကောင်လေးရဲ့လက်ကိုမလွတ်တမ်းဆုပ်ကိုင်ဖမ်းဆွဲထားရင်း မသွားဖို့တားနေတဲ့ကောင်လေးတစ်ယောက်ရယ်နှင့်ဆူညံလျက်ရှိလေ၏။

"ကျေးဇူးပြုပြီး‌ ငါတောင်းဆိုတာပါနှောင်ကြိုးရယ်…ငါ့မွေးနေ့ပြီးတဲ့အထိတော့နေပေးလို့ရမလား……"

"ဟက်!…တောင်းဆိုတာတဲ့လား……"

မဲ့ပြုံးတစ်ချက်ပြုံးပြီးခနဲ့တဲ့တဲ့အကြည့်တွေနှင့်သာတုံ့ပြန်မေးလာခြင်းကိုအခုအထိရင်မဆိုင်နိုင်စွာဖြင့်မျက်လွှာချကာခေါင်းငုံ့ထားမိသည်။

မင်းရှေ့မှာပါပဲ…လင်းအာဏာစက်ဆိုတဲ့ငါက မင်းရှေ့မှာပဲခေါင်းငုံ့တဲ့သူပါနှောင်ကြိုးရယ်။

"သွားစမ်းပါ…ငါ့ဘဝတစ်ခုလုံးမှာ‌မင်းရဲ့အမိန့်တွေနဲ့ပဲနေလာခဲ့ရလွန်းလို့ငါမင်းရဲ့စကားမှန်သမျှကိုသိပ်မုန်းတယ်
အာဏာ…တောင်းဆိုတယ်ဆိုတဲ့စကားလုံးလှလှလေးတွေအစား မင်းရဲ့ပုံစံအတိုင်းအမိန့်လို့သာသုံးနှုန်းလိုက်စမ်းပါ!!……"

နာကျည်းချက်တွေအကုန်ပေါက်ကွဲထွက်သလိုမျိုးစကားလုံးတွေကိုရေပက်မဝင်ပြောနေလေသည့်နှောင်ကြိုး၏စကားသံတွေကိုဂရုမစိုက်နိုင်‌သေး ၊ ဆောင့်ရုန်းခံလိုက်ရသည့်လက်တစ်ဖက်ကိုသာနာနာကျင်ကျင်နှင့်ငေးမောနေမိသည်။

အချိန်တိုင်းပဲ နှောင်ကြိုး။
မင်းငါ့ကိုအမြဲတမ်းမုန်းနေခဲ့တယ် တွန်းဖယ်ခဲ့တယ်။
ဘာဖြစ်လို့ငါ့ကိုမှဒီလိုမျိုးမုန်းနေရတာလဲ။
ငါဘာကိုမှလည်းအများကြီးမတောင်းဆိုခဲ့ဖူးပါဘူး။
ဒီအချိန်လေးပါပဲ...ဒီအချိန်လေးတောင်မင်းကငါ့အတွက်ဆိုရင်အမုန်းတွေပဲပေးနေတုန်းပဲလား။

အ‌တွေးစတို့ကိုရပ်ကာမျက်နှာချင်းဆိုင်ဘက်ကိုငေးမိလေတော့
လူတစ်ယောက်ရဲ့နေရာကလစ်လပ်လျက်။

အင်း...သူထွက်သွားပြန်ပြီပဲ။
ကိုယ့်မှာကလည်းတားပိုင်ခွင့်မှမရှိပဲလေ။
မင်းသိလားနှောင်ကြိုး...ငါတောင်းဆိုတယ်ဆိုတာက‌လေတစ်ခါလောက်တော့ဖြစ်ဖြစ်ငါ့မွေးနေ့ဆိုတာလေးကိုငါသိပ်ချစ်ရတဲ့မင်းနဲ့ဖြတ်သန်းချင်ရုံပါ။
ဒါကိုတခြားသူတွေလိုတောင်ဟန်ဆောင်ပြီးမနေပေးနိုင်တဲ့မင်းကငါချစ်သလောက်ငါ့ကိုသိပ်မုန်းနေတဲ့ပုံပဲနော်။

ဘယ်သူကကျွန်တော့်ရဲ့နှင်းဆီနီWhere stories live. Discover now