Zawgyi
မြန်မာပြည်ပြန်ရောက်လာသည်နှင့်တစ်စတစ်စပိုရှုပ်ထွေးလာရသည့်စိတ်အခြေအနေကြောင့်ဝရံတာဘက်ထွက်ကာလေညှင်းခံရင်းခြံထဲကနှင်းဆီပန်းခင်းကြီးကိုငေးကြည့်မိသည်။ နီဆွေးနေသည့်ပန်းပွင့်တွေနှင့်အတူလိုက်ဖက်စွာတည်ရှိနေတဲ့ရိုးတံစိမ်းတွေ ၊ ပြာလဲ့လဲ့ရေကန်ဘေးမှာတည်ရှိတာကြောင့်အေးချမ်းခြင်းကပါရောထွေးပြီးနောက်ကျိနေတဲ့စိတ်ကိုပါအေးချမ်းသွားစေပါ၏။
ထိုစဉ်ရုတ်တရက်ဆိုသလိုမြင်ကွင်းထဲရောက်လာပါလေသည့်ကောင်လေးတစ်ယောက်။သေချာကြည့်မိတော့မှထိုကောင်လေးကမိမိနှင့်ရွယ်တူလောက်သာရှိလောက်မည့်ပုံပင်။ သို့သော်တခြားသူတွေနဲ့မတူဘဲပုပုသေးသေးလေးနှင့်တကယ့်ကိုချစ်စရာလေး။ ပုံမှန်နှင့်မတူသောထိုကောင်ငယ်လေးအားငေးကြည့်ရင်းမှနေအားမရစွာဖြင့်ခြံထဲသို့ဆင်းလာလိုက်မိသည်။ ခပ်လှမ်းလှမ်းအကွယ်မှတစ်ဆင့်အပြုအမူလေးတွေကိုငေးကြည့်မိတော့အူတူတူအတတပုံစံကတစ်မျိုးတော့ဆန်းပြန်သား။
ဟောကြည့်...ဒီလောက်ဆူးတွေမာတဲ့နှင်းဆီမျိုးစိတ်ကိုမှသတ္တိခဲလေးကလက်နဲ့သွားခူးသတဲ့။ ပြီးတော့သူပဲဆူးစူးလို့ဖြစ်သွားတဲ့ရုပ်လေးကိုက။
တကယ့်ငအလေးပဲ......။ခြံထဲ၌အသင့်ဆောင်သဘောဖြင့်ထားသည့်coffeeစားပွဲပေါ်မှဆေးသေတ္တာအားကောက်ယူကာလိုအပ်သည်များကိုယူ၍ဆေးသွားထည့်ပေးမိပြန်တော့ဒီဟာလေးကအကြောင်းမရှိအကြောင်းရှာကြောက်ရွံ့နေပြန်သတဲ့လေ။
ဘာအကြောင်းကြောင့်များလဲ ၊ ငါ့ကိုမင်းကဘာဖြစ်လို့ကြောက်ရတာလဲ။
တွေးမိနေရင်းမှနှင်းဆီတစ်ပွင့်တစ်နေရာလေးလစ်လပ်နေလေသည့်အပင်ကိုဘာရယ်မဟုတ်အကြည့်ရောက်မိလေတော့အလိုမကျမိသည့်စိတ်အစဉ်ချက်ချင်းဆိုသလိုဒေါသထွက်ရပြန်တယ်။
ဒီအပင်မဟုတ်လား...မင်းကိုဒဏ်ရာရအောင်လုပ်တာ။အပင်ကိုအရင်းအနားမှနေခပ်တင်းတင်းဆုပ်ကိုင်ကာဆွဲနှုတ်ပစ်လိုက်ပြီးအဝေးသို့လွှင့်ပစ်လိုက်သည့်ထိုကလေးကဆူးတွေနစ်ဝင်၍စူးထားတာကြောင့်စိမ့်ထွက်နေသည့်သွေးစတွေကိုပင်ဂရုစိုက်ဟန်မပေါ်။
![](https://img.wattpad.com/cover/310139142-288-k485492.jpg)
YOU ARE READING
ဘယ်သူကကျွန်တော့်ရဲ့နှင်းဆီနီ
Romanceနှင်းဆီနီနီတွေကသိပ်လှတယ်......သိပ်လှတဲ့နှင်းဆီတွေကို လူတွေကလှပတဲ့အဓိပ္ပါယ်တစ်ခုပါသတ်မှတ်ပေးထားကြတယ်လေ...... အကယ်၍များ......နှင်းဆီနီရဲ့အဓိပ္ပါယ်က...' ထာဝရအတွက်အချစ်စစ် ' ဆိုရင်......ဘယ်သူကကျွန်တော့်ရဲ့နှင်းဆီနီဖြစ်မလဲ..... ~~~~~~~~~~~~~~~~~~~~~~~~~...