အခန်း(၂၂၃) လူပျိုပေါက်စ
"ဖုံးလို့မရပါဘူး ... နော်။ ပြောတော့ ချစ်သူတွေဆို၊ မဖုံးလို့ ရပါတယ်"
တဘက်ကိုပြန်ဆွဲယူနေတဲ့ ဝမ်နျဲ့နျန်ရဲ့ လက်ကို ဖမ်းဆွဲထားပြီး ကုယျန်ရှန်း ပြောလိုက်၏။ ပြီးတော့ လည်ပင်းပေါ်ရောက်နေတဲ့ တခြားလက်တစ်ဖက်က ကျောအနောက်သို့ တဖြည်းဖြည်းဆင်းလာပြီး ခါးသို့ပင် ရောက်လာခဲ့သည်။
ဝမ်နျဲ့နျန်မှာ နည်းနည်းမျှပင် မလှုပ်ရဲပဲ တောင့်တင်းစွာပင် ရပ်နေခဲ့သည်။ ထိုစဉ်မှာပဲ သူဟာ ကုယျန်ရှန်းရဲ့ ရင်ခွင်ထဲသို့ ရုတ်တရက် ရောက်သွားခဲ့ပြန်သည်။
"မင်း .... မင်း ဘာတွေ လုပ်နေတာလဲ။"
ကုယျန်ရှန်းက ဖြူဖွေးပြီး နူးညံ့တဲ့ ခါးသွယ်သွယ်ကိုသာ မမှိတ်မသုန်စိုက်ကြည့်ရင်း ခနမျှ ရပ်တန့်နေခဲ့ပြီးနောက် " ကျွန်တော် ... ကျွန်တော် ရေချိုးပေးမယ် လေ"
"ငါ ချိုး ပြီးသွားပြီ" ဝမ်နျဲ့နျန် ချက်ချင်းပင် တစ်ဖက်သို့ လှည့်ထွက်ပြီး ရေချိုးခန်းမှ ထွက်ရန်ကြိုးစားလိုက်ပေမယ့် ကုယျန်ရှန်းက ပေးမထွက်တဲ့အပြင် တံခါးကိုပါ ဆွဲပိတ်ပစ်လိုက်သည်။ ထိုအပြုအမူများကြောင့် ဝမ်နျဲ့နျန် တုန်လှုပ်လာရသည်။
"ကုယျန်ရှန်း .... မင်း ငြိမ်ငြိမ်နေ၊ ငါ .. ငါ ရေချိုးလို့ ပြီးသွားပြီ။ ငါ ရေချိုးလို့ ပြီးနေပြီ။အဲ့တာကြောင့် အခု ငါ အပြင်ထွက်တော့မယ် ..."
ထိုစကားတွေကို ကြားပုံမပေါ်သည့် ကုယျန်ရှန်းက ဝမ်နျဲ့နျန်ကျောနောက်ဘက်ရှိ ရေချိုးဆပ်ပြာရည်ဘူးကို ယူပြီး ဝမ်နျဲ့နျန် ကိုယ်ပေါ်သို့ ညှစ်ချလိုက်သည်။
"ငါ ရေချိုး ပြီးပြီလို့ ပြောနေတာတဲ့ ဟာကို .. မင်း က ထပ်ပြီး "
"ကြည့်ပါလား ... ရေချိုးလို့ မပြီးသေးတဲ့ဟာကို ။ ဆပ်ပြာရည်တွေ မစင်သေးဘူး ဖြစ်နေတယ်လေ ။ ကျွန်တော် ကူချိုးပေးပါ့မယ်။"
ပြောပြီးနောက် ချက်ချင်းပင် ကုယျန်ရှန်းက ဝမ်နျဲ့နျန်ကို ရေပန်းအောက်သို့ ဆွဲခေါ်လိုက်ပြီး ရေပန်းကို ဖွင့်လိုက်သည်။

YOU ARE READING
ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် " သူက အနက်ရောင်ကြာပွင့်လေးပါတဲ့"
Romanceသုံးဆယ့်ခြောက်ပွင့်သော နေကြာက ' ငါ့အချစ်ကို မင်းပိုင်ပြီး ငါ့ကိုလည်း မင်းသာ ပိုင်သည်။' တဲ့