၁၉၄၁ ခုနှစ် အစောပိုင်းကာလ ။
မြန်မာနိုင်ငံတွင် ဂျပန်အစိုးရ အုပ်ချုပ်နေဆဲကာလဖြစ်သည်။ အင်္ဂလိပ်အစိုးရ၏ အုပ်ချုပ်မှု့အောက်မှာ အဆိုးဝါးဆုံးသော ညှင်းပန်းနှိပ်ဆက်မှု့များခံနေရသော မြန်မာလူမျိုးများသည် ဂျပန်နေမဝင်အင်ပါယာနှင့်အတူ နယ်ချဲ့အင်္ဂလိပ်ကို တွန်းလှန်ဖို့ ကြိုးစားခဲ့ပြီးနောက် ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီး ကျားထက်ဆိုးနေရသော အခြေအနေသာ ဖြစ်၏။
မြန်မာတို့သည် ဆန်ရေစပါးကို အဓိကထားစိုက်ပျိုးရသော်လဲ ဂျပန်ခေတ်၏ စီးပွါးရေးကြပ်တဲမှု့ဒဏ်ကို အလူးအလဲခံနေရကာ ပြောင်းဆန်အရောာအနှောကိုသာ အတွင်တွင် စားနေရသော ဒေသများက ထုနဲ့ဒေး။
ဒါတင်ပဲလား ။ မြန်မာမိန်းကလေးချောချောလှလှများ အိမ်ပြင်ကို မျက်နှာထွက်ပြလို့မရသော အခြေအနေကလဲရှိသေး၏။ဂျပန်ဖက်ဆစ်များက ခွေးရူးလို မဲမဲမြင်ရာ လိုက်ဆွဲနေကြသောကြောင့် ဖြစ်၏။ အကြောင်းရင်းမဲ့ သတ်ဖြတ်မှု့များ တော်လှန်ပုန်ကန်သည် ဟူသော စွဲချတ်များနှင့် ညှင်းပန်းနှိပ်ဆက်များကြောင့် စိတ်ဓာတ်ခိုင်မာသော မျိုးချစ်ပုဂ္ဂိုလ်များက လျှို့ဝှက်စွာ တော်လှန်ပုန်ကန်နေသော အချိန်ကာလသာဖြစ်၏။
မန္တလေးမြို့၏ အရှေ့မြောက်ဘက် ကျွဲနဖားတောင်ခြေရွာလေးဖြစ်သော တံခွန်တိုင်ရွာလေးသည် ဒုဠဝတီမြစ်ကမ်းနံဘေးတွင် အေးချမ်းစွာတည်ရှိလေ၏။ ထိုရွာလေးတွင်နေထိုင်ကြသော ရွာသူရွာသားများသည် တောင်ယာလယ်လုပ် ဓားမခုတ်နှင့်သာ ဝမ်းကို ရိုးရိုးသားသားကျောင်းကြ၏။ တစ်ခါတစ်ရံ ရွာကို ဂျပန်စစ်သားများဝင်မွှေတက်တာကလွဲရင် ဘာမှ ဆူပူတာမျိုးမရှိ။
ထိုတံခွန်တိုင်ရွာကြီးသည် အိမ်ကြီးရခိုင်များပေါများ၏။ အရှေ့ဘက်တွင် ရွာဦးစေတီနှင့် တိုင်တစ်ရာခန့့်ရှိသော ရွာဦးဘုန်ကြီးကျောင်း ရွာလယ်မှာ သောက်ရေကန် ချိုးအတွက် ဒုဠဝတီမြစ်ကြီးက ပတ်ခွေစီးဆင်းနေလေ၏။ရွာ၏ အနောက်ဖက်တွင် လူဖြစ်လျှင် သွားရာလမ်းဖြစ်သော ရွာသချင်္ိုင်း။ ရွာတစ်ရွာတွင် ရှိသင့့်သော အင်္ဂါရပ်များနှင့် ပြည့်စုံလှ၏။
YOU ARE READING
အသက်ထက်ပို၍ မြတ်နိုးခဲ့သည်...{Z/U} Completed
Romanceလွန်ခဲ့သော ၁၉၄၁ခုနှစ်ပတ်လည်မှာ ဂျပန်စစ်ဗိုလ်အရာရှိမလေးက မြန်မာမလေးကိုချစ်မိခဲ့တယ်။ "ဝါလေးကမောင့်ကို မုန်းတယ်ဆိုတာသိပေမယ့် မောင်ကတော့ ဝါလေးကို အသက်ထက်တောင်ချစ်နေမိတော့တာပဲ" တူညီမှု့တွေရှိခဲ့ပါလျှင် crd ပေးပါသည်။ လှနျခဲ့သော ၁၉၄၁ခုနှဈပတျလညျမှာ ဂပြနျစဈဗ...