6💛

2.8K 291 22
                                    

စက္ကန့့်ပေါင်းများစွာသော အနမ်းများကို ပုံဖော်လာကြပြီးနောက် မောဟိုက်နေသော ချစ်ရသူလေး၏ နှုတ်ခမ်းနှစ်လွှာကို မလွှတ်ချင်လွှတ်ချင်နှင့် လွှတ်လိုက်မိတော့ နှုတ်ခမ်းထောင့်လေးတွေမှာ ငွေရောင် ချစ်ကြိုးမျှင်လေးတွေ ရစ်သွယ်လို့နေပါပြီ။

မျက်ဝန်းထောင့်မှ မျက်ရည်စတွေ ရီတွဲလို့ သူ့ကို အမုန်းမြှားများတစ်စင်းပြီးတစင်း စေလွှတ်နေသူကို သူက ချစ်မဝစွာငေးကြည့်နေမိတော့ သူမ၏ လက်တစ်ဖက်မြှောက်တက်လာတာကို သတိမထားမိလိုက်။

"ဖြန်း "

ပူတက်သွားသော ပါးတစ်ဖက်အစား သူမ၏ လက်လေးနာသွားမှာကို ဂူချီပိုစိတ်ပူနေပါ၏။

"လူယုတ်မာ ဂျပန်မ နင် ခုချက်ချင်းထွက်သွား ငါနင့့်ကို ကမ္ဘာတည်သရွေ့မုန်းနေအုံးမှာ ခုထွက်သွားလိုက် "

ရှိုက်သံသဲ့သဲ့နှင့် ဒေါသတကြီးပြောလာသူကို ဂူချီ ဝမ်းနဲသော မျက်လုံးများဖြင့် စိုက်ကြည့်ရင်းမှ

"မုန်းပါ ဝါလေး ~ ဝါလေးမုန်းချင်သလောက် မုန်းလိုက်စမ်းပါ မောင်က ဝါလေးကို ဒီကမ္ဘာမပြောနဲ့ နောင်ကမ္ဘာထိသံသရာအဆက်ဆက်ချစ်နေအုံးမှာ "

"သောက်လျှာရိုးမရှိတိုင်း လာပြောမနေစမ်းပါနဲ့ ရွံစရာတွေ ကောင်းလွန်းလို့ အန်ချင်လာပြီ ထွက်သွားပါတော့ တောင်းပန်ပါတယ် "

ညကလဲအရမ်းနက်လာပြီမို့ ဂူချီမပြန်ချင်ပေမယ့် ပြန်လာခဲ့ပါတော့၏။
ခြံစည်းရိုးကို ခုန်ကျော်ကာ ထွက်သွားသူကို ပန်းနုဝါကြည့်ရင်း ရှိုက်ကြည့်တငင်ငိုချလိုက်ပါတော့၏။

"ဒီပါးကို ဟိုရွံစရာဂျပန်မနမ်းမ်းသွားတာ ဒီပါးကို ကဲဟယ် ကဲဟယ် ကဲဟယ် ရွံလိုက်တာ ဗြိ ဗြိ ဗြိ "

စိတ်ရှိလက်ရှိ ပါးကို ကုပ်ခြစ်ဆွဲလိုက်သောကြောင့် ပန်းနုဝါ၏ ပန်းပြင်ထက်မှာ လက်သည်းရာတွေ သွေးတွေနှင့် အသားနီရဲရဲ။

"ဟုတ်တယ် ငါရုပ်ဆိုးသွားရင် ဒီအမျိုးယုတ်မ ချစ်လာမှာမဟုတ်ဖူး သေချာတယ် "

မှန်ထဲမှ ဒဏ်ရါဗလပွနှင့် မျက်နှာကို ပန်းနုဝါစိုက်ကြည့်ရင်း နာကျင်စွာပြုံးနေခဲ့ပါတော့၏။

အသက်ထက်ပို၍ မြတ်နိုးခဲ့သည်...{Z/U} CompletedDonde viven las historias. Descúbrelo ahora