"သမီးတို့ရေ မာမီ အနီရောင်လေးနဲ့ လိုက်လား"
အနီရောင်ရဲရဲပိတ်စကို ခန္ဓာကိုယ်ပေါ်ကပ်လျက် မှန်မှာကြည့်ရင်း ဒေါ်မာယာချို ဆိုလိုက်လေ၏။
အထည်အလိပ်တွေရွေးနေသော တီတာမောင်မြင့်နှင့့် သီတာမောင်မြင့် ညီအစ်မနှစ်ယောက်လုံးခေါင်းထောင်သွားပြီး သူမတို့ရဲ့မာမီဖြစ်သူကို နှာခေါင်းရှုံ့လိုက်ကြရင်း"မာမီကလဲကွာ သူများဝတ်မယ့်အဆင်ကို ရွေးသွားပြန်ပြီ မာမီက လူကြီးပဲ တခြားဟာလေး ဝတ် တီတာ့ကို အဲ့တာပေး "
"ဟဲ့ မရဖူး ညည်းဘာသာတခြားဟာ ဝတ် ငါက ဒါပဲ ဝတ်မှာ "
"အို မာမီတို့ကလဲ လုနေကြတယ် သီတာကတော့ အစိမ်းလေးပဲ ဝတ်မှာ အဲ့တာမှ အရာရှိအသသ်လေးလဲ သီတာတစ်ယောက်ထဲကိုပဲ မြင်တော့မှာ "
"အံမယ် မိသီတာ ညည်းအကြံ ဒါအကုန်ပဲပေါ့လေ ရတယ် တော်ပြီ မာမီ ကိုယ့်ဖာသာ အနီဝတ်တော့ တီတာကတော့ ခရမ်းလေးပဲ ဝတ်တော့မယ် ဒါမှ မစ္စဂူချီ သမီးကို မီးရောင်အောက်မှာ အလှဆုံးမြင်ရမှာ "
"အေးအေး ဝတ်ကြဝတ်ကြ မာမီသမီးတွေ အလှဆုံးဖြစ်နေဖို့လိုတယ် မစ္စဂူချီက မိန်းမပေမယ့် ခန့့်ညားတယ် ထက်မြတ်တယ် ရအောင် ဆွယ်ရမယ်နော် "
ဦးမောင်မောင်မြင့်တစ်ယောက် ပလက်ကုလားထိုင်တွင် ထိုင်လျက် ဇနီးဖြစ်သူနှင့် သမီးဖြစ်သူတွေ၏ ဂျပန်မလင်အဖြစ်ယူရေး စီမံကိန်းဆွဲနေကြခြင်းကို စိတ်ပျက်စွာထိုင်ကြနေပါတော့၏။
ဇနီးဖြစ်သူ ဒေါ်မာယာချိုက အရေးပိုင်မင်း၏ သမီးပီပီ အနောက်တိုင်းအလေ့အထတွေကို သဘောကျပြီး ကလက်တက်တက်နှင့် အရာရှိတွေကို မြူဆွယ်ဖို့သာ အာရုံရှိလေသည်မဟုတ်လား။ ဒေါ်မာယာချို၏ သွေးများ စီးဆင်းနေသော သမီးနှစ်ယောက်ကလဲ ထို့အတူပါပဲ။ အဖေလို့ အမည်တပ်ခံထားရပေမယ့် ဒီနှစ်ယောက်လုံးကို သူ့သွေးလို့ သတ်မှတ်ထားခြင်းမရှိခဲ့ပဲ ငယ်စဥ်ကပင် ချစ်ကျွမ်းဝင်ကာ လက်ထပ်ခဲ့သော သမီးလေး ပန်းနုဝါရဲ့ အမေ နုနု ကိုသာ ဇနီးအဖြစ် သတ်မှတ်ခဲ့သည်မဟုတ်လား။
"ကိုကို ရေ ကိုကိုလို့ ဘာတွေတွေးနေတာလဲ ဒီမှါ ချို အနီလေးနဲ့ လိုက်လားလို့ "

BINABASA MO ANG
အသက်ထက်ပို၍ မြတ်နိုးခဲ့သည်...{Z/U} Completed
Romanceလွန်ခဲ့သော ၁၉၄၁ခုနှစ်ပတ်လည်မှာ ဂျပန်စစ်ဗိုလ်အရာရှိမလေးက မြန်မာမလေးကိုချစ်မိခဲ့တယ်။ "ဝါလေးကမောင့်ကို မုန်းတယ်ဆိုတာသိပေမယ့် မောင်ကတော့ ဝါလေးကို အသက်ထက်တောင်ချစ်နေမိတော့တာပဲ" တူညီမှု့တွေရှိခဲ့ပါလျှင် crd ပေးပါသည်။ လှနျခဲ့သော ၁၉၄၁ခုနှဈပတျလညျမှာ ဂပြနျစဈဗ...