2💗

3.2K 353 19
                                    

ဂျစ်ကားလေးက အဖြူရောင်တိုက်ကြီး၏ ဆင်ဝင်အောက်ရပ်တန့့်သွားလေ၏။ တိုက်ထဲမှ အသက်၆၀ကျော်ခန့့်ရှိသော အဖိုးကြီးတစ်ဦးက တုတ်ကောက်နှင့် တပြုံးပြုံးထွက်လာလေ၏။

"ဟဲလို မိုင်ဆွီးတီး ဘေဘီ "

ကားထဲမှ ဆင်းလာသော ကာနာဒါဂူချီကို ပွေ့ဖက်ရင်း ဆိုလိုက်လေ၏။ကားမောင်းသည့့်နေမှာ ဦးမောင်မောင့်မြင်လဲ ဆင်းလာပြီး အလေးပြုလေ၏။

"ကျေးဇူးပဲ မြင့် ငါ့မြေးလေးကို ကြိုလာပေးလို့ "

"ဟိုက် မာစတာ "

ဦးမောင်မောင်မြင့်ကို ဂျပန်စစ်သားတွေအားလုံးက မြင့် လို့ပဲ ခေါ်ကြလေ၏။

"အဖိုးနေကောင်းတယ်နော် သန်တုန်းမြန်တုန်းပဲဗျ အဖိုးက "

"အင်း ငါ့မြေးရယ် အသက်ကြီးလာတော့ ချို့ယွင်းတာတော့ရှိတာပေါ့ ငါ့မြေးလေးရောက်လာတော့ အဖိုးပိုကျန်းမာတာပေါ့ "

"အမှန်ဆို ကျွန်မ ဒီကိုမလာချင်တာ အဖိုးသိပါတယ် မဟုတ်ဖူး ဒီအလုပ်ကို မလုပ်ချင်တာကိုလေ "

စစ်ဗိူလ်ချုပ်ကြီးဆူဇကီးသည် ကာနာဒါဂူချီ၏ ပြောစကားကြောင့် မျက်နှာညှိုးနွမ်းသွားကာ ကာနာဒါဂူချီ၏ ပခုံးကို လက်နှင့် သပ်ပေးလိုက်ရင်း

"အဖိုးသိပါတယ် မြေးရယ် ဒါပေမယ့် အဖိုးကလဲအသက်အရွယ်ရလာပြီးဆိုတော့ ကျောထောက်နောက်ခံ ကူညီဖော်ကလဲလိုနေတာတကြောင်း အိုလာတဲ့အဖိုးကို မလေး စားတဲ့တပ်သားတွေရှိတာတကြောင်းမို့ မြေးကို လှမ်းခေါ်လိုက်ရတာပါ "

ကာနာဒါဂူချီ သက်ပြင်းချလိုက်ရင်း ဧည့်ခန်းထဲက ဆက်တီပေါ်ထိုင်ချလိုက်လေ၏။

"ဖိုးမောင်ရေ မြေးလေးအတွက် သံပုရာရည် ယူခဲ့ပါအုံး "

"ဟုတ်ကဲ့ သခင်ကြီး "

ဗိုလ်ချုပ်ကြီးဆူဇကီးက သူ့မြေးအရှေ့တွင် ဝင်ထိုင်လိုက်ကာ ပြုံးလျက်ကြည့်လိုက်ပြီး

"မြေးလေး ဂူချီ မြန်မာပြည်ကို ဘယ်လိုမြင်လဲ "

"အင်း ... မြန်မာပြည်က လှတယ် သာယာတယ် ပြီးတော့ မြန်မာမလေးကလဲ ချစ်ဖို့ကောင်းတယ် "
ပြုံးပြီးပြောလာသော ဂူချီ၏ မျက်နှာကို ဗိုလ်ချုပ်ကြီးက အကဲခတ်ပြီး ပြုံးလိုပ်လေ၏။

အသက်ထက်ပို၍ မြတ်နိုးခဲ့သည်...{Z/U} CompletedWhere stories live. Discover now