ကင်ပေတိုင်စခန်းထဲ စစ်ဖိနပ်သံတွေ ညံနေပါ၏။ အရေးကြီးသုတ်ပြာဖြင့် ဖြတ်လျှောက်သွားသံတွေ ဂျပန်ဘာသာစကားဖြင့် ဒေါသတကြီးအော်ငေါက်သံတွေနှင့်။
ပန်းနုဝါ အဖမ်းခံထားရသော အချုပ်ခန်းကို သံဖရိန်တွေဖြင့်အခိုင်အမာတည်ဆောက်ထားပါ၏။ အလင်းရောင်သဲ့သဲ့မျှရသော သည်နေရာက တောစပ်နှင့်နီးတာမို့ ခြင် ဖြုတ်အလွန်ပေါလှ၏။
"ဒေါက် ဒေါက် ဒေါက် "
ဘယ်ပြန်ညာပြန်ေ လျှာက်နေသောစစ်ဖိနပ်သံများ သေနတ်လက်လွဲသံတဖြောင်းဖြောင်း။သူမအဖမ်းခံထားရသော နှစ်ရက်တာလုံး ရေလဲမတိုက်သလို အစာလဲမကျွေး ကံကောင်းတာ နှိပ်ဆက်ခြင်းမရှိတာပဲ။
ကင်ပေတိုင်စခန်းအရှေ့ကို စစ်သုံးဂျစ်ကားတစ်စီးဝူးခနဲ ဆိုက်ရောက်လာ၏။ထိုကားပေါ်မှ အသက် ၅၀ နီးပါး စစ်ယူနီဖောင်းဝတ်မြန်မာအမျိုးသားနှင့် ယူနီဖောင်းကာကီရောင်အထက် လောင်းကုတ်အရှည်ဝတ်ထားသူမိန်းမတစ်ဦး အမြန်ဆင်းလာလေ၏။
သူတို့ကိုမြင်တော့ ကင်ပေတိုင်စစ်သားများက အရိုအသေပေးကြလေ၏။
"မာစတာ "
"အဖမ်းခံထားရတဲ့ မိန်းကလေး ဘယ်မှာလဲ "
"အထဲမှာပါ "
"သူ့ကို ဖမ်းခိုင်းတဲ့ကောင်ရယ် သူနဲ့ပြသနာဖြစ်တဲ့ကောင်တွေရယ် ငါတွေ့ချင်တယ် "
မျက်လုံးအစုံက မီးဝင်းဝင်းတောက်နေသည့်နှယ်။ဂျပန်စစ်သားများခမျာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်းဒူးတုန်နေခဲ့ပါ၏။
"စစ်ကြောရေးခန်းထဲမှာပါ "
"မင်းတို့ကွာ "
ကာနဒါဂူချီ၏ ညာဘက်လက်မြှောက်တက်သွားလေ၏။ ပြီးနောက် ပြန်ချလိုက်ရင်း
"သူကိုယ်ပေါ် ဒဏ်ရါတစ်ခုခုတွေ့လို့ကတော့ မင်းတို့လဲ သက်သာမယ်မထင်နဲ့"
"မစ္စဂူချီ ကျွန်တော်တို့ သမီးလေးဆီ သွားကြည့်ရအောင် "
ကာနဒါဂူချီနှင့် ဥိးမောင်မောင်မြင့် အချုပ်သားများထားရှိသော စစ်ကြောရေးခန်းသို့ အမြန်လျှောက်လာလိုပ်လေသည်။ ဦးမောင်မောင်မြင့်သည် သမီးဖြစ်သူကို စိန်ပူရလွန်းသဖြင့် ရင်ဖက်တစ်ခုလုံး ဖားဖိုကြီးလို နိမ့်ချည်မြင့်ချည်နှင့်။

ESTÁS LEYENDO
အသက်ထက်ပို၍ မြတ်နိုးခဲ့သည်...{Z/U} Completed
Romanceလွန်ခဲ့သော ၁၉၄၁ခုနှစ်ပတ်လည်မှာ ဂျပန်စစ်ဗိုလ်အရာရှိမလေးက မြန်မာမလေးကိုချစ်မိခဲ့တယ်။ "ဝါလေးကမောင့်ကို မုန်းတယ်ဆိုတာသိပေမယ့် မောင်ကတော့ ဝါလေးကို အသက်ထက်တောင်ချစ်နေမိတော့တာပဲ" တူညီမှု့တွေရှိခဲ့ပါလျှင် crd ပေးပါသည်။ လှနျခဲ့သော ၁၉၄၁ခုနှဈပတျလညျမှာ ဂပြနျစဈဗ...