7💚

2.6K 270 11
                                    

"အောက် အီး အီး အွတ် "

ဟန်ပါလှသော လင်းကြက်တွန်သံနှင့်အတူ ရွာဦးတိုင်တစ်ရာကျောင်းမှ အုန်းမောင်းခေါက်သံက လေနှင်ရာလွင့်မျောကာ တစ်ရွာလုံးကို နိုးထစေပါ၏။ တခွန်တိုင်၏ မနက်ခင်းတစ်ခု အသက်ဝင်လို့လာခဲ့ပြီ။

"ရှင်မရေ ငါ သွားတော့မယ်ဟေ့ ထမင်းတောင်းလဲ နေ့လယ်ခင်းမှ လာပို့တော့ "

မနက်စာ ပဲပေါင်းနှင့် ကောက်ညှင်းကို ဖက်နှင့်ထုပ်ထားသော အထုပ်ကို လွယ်အိတ်ထဲထည့့်ချည်တိုင်က နွားနှစ်ကောင်၏ နားသိုင်းကြိုးကို တစ်ဖက်တစ်ချက်ဆွဲရင်းမှ ကိုသံခဲ တဲအိမ်ဖက် လှည့်ပြောလိုက်လေတော့ ဝေသီဝေလင်းမီးဖိုထဲထမင်းချက်နေသော မစိန်ိန်က ခေါင်းပြူကြည့်ရင်း

"အင်းပါတော် ရှင်လဲ ကောင်းကောင်းသွား ဝေသီဝေလင်းဆိုတော့ မြူတွေဆိုင်းနေတာ ဘာမှမြင်ရမှာမဟုတ်ဖူး ပိုးမွှား သတိထားနော် "

"အေးပါ မိန်းမရာ သွားပြီ"

တံခွန်တိုင်၏ မနက်ခင်းသည် ဆီမီးမြိုင်မြိုင်နှင့် ထမင်းဟင်းဆွမ်းထချက်သူ တောင်ယာသွားရန် ပြင်ဆင်သူ တောလိုက်ရန် ဒူးလေးပြင်သူ ချောင်းစပ်မှ တံငါလှေအနားပိုက်ပြင်သူ စျေးလမ်းမတစ်လျှောက် တောင်းဗန်းကိုယ်စီနှင့် စျေးထွက်ရန်ပြင်သူ လှုပ်လှုပ်ရှားရှား ဖြစ်နေကြပါ၏။

တံခွန်တိုင်ရွာ၏ မလှမ်းမကမ်းဖြစ်သော သီပေါမြို့၏ အစပ် အုန်းပေါင်အရပ်တွင် ဂျပန်တပ်စခန်းရှိသဖြင့် သူတို့မှာ ကိုယ့်နယ်ကို လွတ်လွတ်လပ်လပ်သွားလို့မရသော်အခြေနေရယ်ပါ။
မိန်းမပျိုလေးများသည် ဂျပန်စစ်သားမြင်လျှင် သရဲမြင်သလို ထွက်ပြေးမှ တော်ရာကြမည်။ နောက်မို့ဆိုလျှင် ခွေးဆွဲသလိုဆွဲခံရမည့်အခြေနေလေ။မိန်းမတင်ပဲလေ အိမ်မွေးတိရစ္ဆန်ကြက်မြင်ရင် ကြက်လု နွားမြင်ပေါ်စား ဝတ်မြင် ကားပေါ်တင်သွားကြသဖြင့် လုပ်စားတော့မိုးခေါင် ခိုးစားတော့ခွေးဟောင် အခြေနေမို့ ဆင်းရဲမွဲတေလွန်းလို့ ကျီးနှင့်ဖုတ်ဖုတ်။

ဖြစ်ချင်တော့ ဒီနေ့ ပန်းနုဝါ ဆွမ်းချိုင့်ပို့ရန် ဆွမ်းအုပ်နီနီလေးပိုက်ကာ ရွာဦးကျောင်းကို လာခဲ့လေ၏။ မြူတွေပင်မပြောက်သေး ရွာ၏ မြေနီလမ်းတစ်ဖက်တစ်ချက်မှ ဆိတ်ဖလူးပင်ကြီးများမှ ဆိတ်ဖလူးပန်းရနံ့က ပျံ့ပျံ့မွှေးနေလေ၏။ကျွဲနဖားတောင်၏ အရိပ်ကျသော အရပ်ဒေသမို့ စိမ့်စိမ့်လေးနှင့် အေးလေ၏။
သူမ၏ အရှေ့မျက်နှာချင်းဆိုင်အရပ်က ခပ်လှုပ်လှုပ်သဏ္ဍာန်လူတစ်စု လာနေတာကို သူမမြင်လိုက်ရ၏။

အသက်ထက်ပို၍ မြတ်နိုးခဲ့သည်...{Z/U} CompletedDonde viven las historias. Descúbrelo ahora