9 💛

2.9K 302 21
                                    

ပန်းနုဝါသည် မျက်နှာနုနုလေးပေါ် မှုံနံ့သာ ခပ်ပါးပါးလူးရင်း ကြေးမုံပြင်ကို စိုက်ကြည့်ပြီး နှုတ်ခမ်းပါးကို ဖိကိုက်ရင်း တစ်ယောက်ထိ ခံပြင်းနေခဲ့ပါသည်။

"ငါက ဘာဆိုင်လို့ အဲ့ဒီကို သွားရမှာလဲ "

"တောက်! စိတ်တိုလိုက်တာ"

"အဖေကလဲ တစ်ခါလေးကူညီပေးဖူးတာနဲ့ ကျေးဇူးရှင်ကြီး ဖြစ်သွားပြီမှတ်နေတာ ဂျပန်မျိုးယုတ် ကျက်သရေကို မရှိဖူး "

ယနေ့ ဗိုလ်မှူးကြီး ဆူဇကီး၏ မွေးနေ့ကို ပန်းနုဝါတက်ရမည်ဟု ဦးမောင်မောင်မြင့်က ပြောထားသောကြောင့် ပန်းနုဝါ ပြင်ဆင်နေခြင်းပါ။ သနပ်ခါးလေးခပ်ပါးပါးလူးပြီးနောက် ထပ်ပြင်ချင်စိတ်မရှိတော့ပဲ အိမ်နေရင်း အင်္ကျီလေးနှင့်သာ ပန်းနုဝါ အမေရှိသော မီးဖိုဆောင်ကို ဝင်လာခဲ့ပါ၏။

"အမေ သမီး ဘာကူလုပ်ပေးရအုံးမလဲ"

ဟင်းရွက်သင်နေသော သူမအနား ပန်းနုဝါက ဗြုန်းခနဲထိုင်ချပြီး မေးလာသောကြောင့် ဒေါ်နုနု အံသြသင့့်သလို ကြည့်ပြီး

"သမီး ဘာမှ မလုပ်ရသေးပါလား ဒီနေ့ပါတီပွဲတက်ရမယ်လို့ အဖေပြောထားတယ်လေ "

"ဟာ မတက်ချင်ပါဘူး အမေရယ် ဟိုတစ်ယောက်နဲ့ မတွေ့ချင်ဖူး"

"ဂူချီ့ကို ပြောနေတာလား သမီးရယ် ဂူချီက စိတ်ထားလေးနူးညံ့ရှာပါတယ် "

"အို အမေကလဲ ဂျပန်ကို အကောင်းပြောနေပြန်ပြီ သူတို့ကြောင့် ကျွန်မတို့လူမျိုးတွေ ဆင်းရဲဒုက္ခရောက်နေတာ သိရဲ့သားနဲ့ ဟွန်း "

ပြောရင်း ဆိုရင်း ဒေါသထွက်လာသဖြင့် လှပသော နှုတ်ခမ်းကို မဲ့ကာ ဟင်းရွက်ကို ခြွေတော့ ဟင်းရွက်မှာ ကာနဒါဂူချီ မျက်နှာမြင်လာလေသည်။

"ကိုယ်ကတော့ ဝါ့ ကို သိပ်ချစ်တယ်"

တောက် ! ဂျပန်မကမြန်း ကဲဟယ် ကဲဟယ် ကဲဟယ်။

"ဟယ် ပန်းနုဝါ ချဥ်ပေါင်ရွက်ခြွေခိုင်းတာ ဘာကိစ္စအရိုးတွေပါ ချိုးနေရတာလဲ ဒုက္ခပါပဲ"

ချဥ်ပေါင်အကိုင်းအခတ်အားလုံးဟာ ပန်းနုဝါလက်ထဲမှာ စုတ်ပြတ်သက်သွားအောင် ခြေမွခံလိုက်ရပြီလေ။ ပန်းနုဝါက သွားလေးတွေ အကုန်ပေါ်အောင် ရယ်ပြီး မျက်နှာချိုသွေးနေပေမယ့် ဒေါ်နုနုကတော့

အသက်ထက်ပို၍ မြတ်နိုးခဲ့သည်...{Z/U} CompletedTempat cerita menjadi hidup. Temukan sekarang