4💚

2.7K 305 4
                                    

ယာမဒါနေထိုင်သော အိမ်လေးက တစ်ထပ်တိုက်ကလေးပါ။ အတော်အသင့်သပ်ရပ်ပြီး နေချင့်စဖွယ်တော့ရှိလှပါ၏။ ကာနဒါဂူချီက သတိလစ်နေသော ပန်းနုဝါကို ကားပေါ်မှ ပွေ့ချလာပြီး ယာမဒါ၏ အိပ်ခန်းကုတင်ပေါ်ကို ဖြေးဖြေးလေးသတိထားကာ ချလိုက်ပါ၏။

"ယာမဒါ အမြန်ကျည်ထုတ် သူသွေးထွက်လွန်နေပြီ "

"အေးပါကွာ "

ယာမဒါက လက်ကို သန့်စင် လက်အိတ်စွပ်ပြီး ခွဲစိတ်လိုအပ်သော ပစ္စည်းများကို ပိုးသတ်လိုက်ပြီးနောက် ပန်းနုဝါ၏ လက်မောင်းကို ခွဲစိတ်ဖို့ ပြင်နေပါတော့၏။

အသားကို ဓားပါးနှင့် ခွဲစိတ်ခံရသော နာကျင်မှု့ကြောင့် ပန်းနုဝါ လူးလွန့်လာခဲ့၏။ မျက်လုံးအစုံကို ဖွင့်ကြည့်လိုက်တော့ မျက်နှာလေးထောင်ဆန်ဆန်ဂျပန်ယူနီဖောင်းနှင့်လူက သူမလက်ကို ဓားနှင့် ဖြတ်နေလေ၏။

*ဘာလဲ ငါ ဂျပန်စစ်ကြောရေးထဲ ရောက်သွားတာလား *

ညာဖက်လက်ဖဝါးကို ဆုပ်ကိုင်ထားတဲ့ နွေးထွေးလက်တစ်ဖက်၏ အထိတွေ့ကိုလဲ ရနေသေး၏။

"နိုးလာပြီလား ဝါလေး "

ပြတ်ရှပြီး သြဇာသံပါသော ဒီအသံက သူမမုန်းလှပါသော ဂျပန်မသံပဲလေ။ ခပ်ကျဉ်းကျဉ်းနှင့် စူးရှသော မျက်ဝန်းများက သူမကို စိုးရိမ်တကြီး စိုက်ကြည့်နေလေ၏။ ဒါက ဘယ်လိုအခြေနေကြီးလဲ။ သူမက ကုတင်ပေါ်မှာ ပတ်လက် တစ်ဖက်မှ ဂျပန်ကောင်က သူမ၏ လက်ကို ဓားနဲ့လှီးနေတယ်။

"နင်တို့ ဘာလုပ်တာလဲ ငါ့ကိုလွှတ် "

အတင်းကုန်းရုန်းထနေသော ဝါလေးကို ဂူချီက ပြန်တွန်းဖိကာ ချုပ်ထားလိုက်တော့ ဝါလေး၏ မျက်လုံးများက ဒေါသရောင်များဖြင့် တဖြတ်ဖြတ်။

"ဘာမှလုပ်တာမဟုတ်ပါဘူး ပန်းနုဝါရယ် ကိုယ်တို့က မင်းရဲ့လက်က ကျည်ဆံကို ထုတ်ပေးနေတာပါ "

"ဘာမှ ထုတ်ပေးစရာမလိုဘူး နင်တို့ကုပေးမှ အသက်ရှင်မယ်ယ်ဆိုရင် ငါမကုပဲ အသေခံလိုက်မယ် ဂျပန်အမျိုးယုတ်ရဲ့ "

ခက်ရချေပြီ။

"ဒီမှါ ဝါလေး မင်းငြိမ်ငြိမ်မနေရင် ငါအကြမ်းဖက်ရလိမ့်မယ်နော် ကျေးဇူးပြုပြီး ငြိမ်ငြိမ်နေပေးပါ ပြီးရင် မင်းအိမ်ကို လိုက်ပို့ပေးမယ် ဟုတ်ပီလား "

အသက်ထက်ပို၍ မြတ်နိုးခဲ့သည်...{Z/U} CompletedWhere stories live. Discover now