"ဗိုလ်လေး ဂူချီကို အသက်မသေသေးတာသိရင် လိုက်ဖမ်းကြအုံးမှာပဲ ပန်းနုဝါ "
ခပ်ဖျော့ဖျော့ကိုယ်ဟန်မှာ သွေးလွန်ထားသောကြောင့် ပင်ပန်းကာ အိပ်ပျော်နေသော ဂူချီကို ပန်းနုဝါ မသက်သာစွာလှမ်းကြည့်လိုက်ရင်းမှ ယာမဒါကို တစ်ဖန်ပြန်ကြည့်ကာ
"ဒါဆို ကျွန်မတို့ ဘယ်လိုဆက်လုပ်ကြမလဲ ယာမဒါ "
သူတို့အခု တစ်စုံတစ်ရာကို လက်ကြိတ်ထိုးခေါင်းချင်းဆိုင်ပြီး ဆွေးနွေးနေကြသည်လေ။ မြို့ထဲကိုလဲ မပြန်ရဲ။ တွေ့သမျှ ဂျပန်တွေကို လာဖမ်းပြီးပြစ်သတ်နေသေည အင်္ဂလိပ်တပ်တွေရှိနေသည်လေ။ ဂူချီမသေသေးတာသာ သိလျှင် မရရအောင် လိုက်သတ်မှာ သေချာသည်လေ။
"ချွတ် .. ချွတ်... ချွတ်"
သူမတို့ပုန်းခိုနေသော ငှက်ပျောတောတဲအိမ်အနားသို့ တစ်စုံတစ်ရောက်ကပ်လာသော ခြေနင်းသံကြောင့် ယာမဒါရေါ ပန်းနုဝါပါ သတိအနားအထားးဖြစ်သွားပြီး ယာမဒါက ပြောင်းရှည်တူမီးသေနတ်နှင့် ထိုးချိန်ထားပြီး ပန်းနုဝါက ဂူချီကိုယ်ကို ဝှက်ထားကာ ဓားရှည်တစ်ချောင်းအသင့့်ကိုင်ထားလိုက်လေ၏။
အမှောင်ထဲမှ တရွေ့ရွေ့လာနေသော မျက်နှာကို ပိတ်စတစ်ခုနှင့် ဖုံးထားပြီး လက်ထဲမှာတော့ ဘာမှမကိုင်ိုင်ထားပေမယ့် ကျောမှာ သေနတ်ကို လွယ်ထားသည်လေ။
"ဘယ်သူလဲ "
ထိုလူက သက်ပြင်းတစ်ချက်ကို ချလိုက်ကာ မျက်နှာပေါ်မှ ပုဝါကို ဖြေချလိုက်လေသော် ထိုလူ၏ အသွင်က ထင်ရှားစွာပေါ်လာလေ၏။
"ဟင် အစ်မ တုနှိုင်း "
ပန်းနုဝါ၏ မျက်နှာပေါ်မှ အံသြသင့်ခြင်းအရိပ်နှင့် မျက်လုံးမှ အရိပ်တစ်ချို့ဖြတ်ပြေးသွားသော်လည်း လက်ထဲက ဓားကတော့ တင်းနေအောင် ချိန်ထားတုန်းပင်။
ယာမဒါ၏ မျက်နှာက ညိုမှောင်သွားကာ ချွေးစေးတွေတပြိုက်ပြိုက်ကျလာပြီး တုန်ရီနေလေသည်။"မစိုးရိမ်ပါနဲ့ ငါမင်းတို့ကို အန္တရယ်လာပေးတာမှ မဟုတ်ပါဘူး"
"အစ်မတစ်ယောက်ထဲလား "
"အင်း ... ဗိုလ်လေးမသေတာ ငါတို့သိတယ် ဒါပေမယ့် မစိုးရိမ်ပါနဲ့ ဗိုလ်လေးကို ငါတို့မသတ်ပါဘူး "
أنت تقرأ
အသက်ထက်ပို၍ မြတ်နိုးခဲ့သည်...{Z/U} Completed
عاطفيةလွန်ခဲ့သော ၁၉၄၁ခုနှစ်ပတ်လည်မှာ ဂျပန်စစ်ဗိုလ်အရာရှိမလေးက မြန်မာမလေးကိုချစ်မိခဲ့တယ်။ "ဝါလေးကမောင့်ကို မုန်းတယ်ဆိုတာသိပေမယ့် မောင်ကတော့ ဝါလေးကို အသက်ထက်တောင်ချစ်နေမိတော့တာပဲ" တူညီမှု့တွေရှိခဲ့ပါလျှင် crd ပေးပါသည်။ လှနျခဲ့သော ၁၉၄၁ခုနှဈပတျလညျမှာ ဂပြနျစဈဗ...