"ကိုကို ဒါ လုံးဝမတရားတာပဲ "
"ကိုကိုက ချို့သမီးတွေကြတော့ ဂျပန်ပိုင်းလုံးလိုလို ပြောပြီး ကိုကို့သမီးကြတော့ ဂျပန်နဲ့ရအောင် ပေးစားဖို့ကြံနေတာမလားဟင်"
ဒေါ်မူယာချိုတစ်ယောက် ပါတီပွဲပြီး အိမ်ပြန်ရောက်ကတည်းက လင်ဖြစ်သူကို မကျေမနပ်ပြောနေခဲ့တာကြာပြီ။ သို့သော် ဦးမောင်မောင်မြင့်ကတော့ ပက်လက်ကုလားထိုင်ခုံပေါ်မှာ ထိုင်ရင်း ဆေးတံကို ခဲကာ ဘာစကားမှပြောမဆိုပဲ တွေးတောနေခဲ့သဖြင့် ဒေါ်မူယာချို့ဒေါသက ထွက်ပြီးရင်း ထွက်နေလေသည်။
"ကိုကို ချို ပြောနေတာ မကြားတာလား မသိချင်ယောင်ဆောင်နေတာလား "
"ဟွန့် ပြန်မပြောဖူးပေါ့လေ ရပါတယ် ဂျပန်တွေက မကြာခင်ဒီမြေပေါ်ကပြေးရတော့မှာလေ အဲ့တော့ကြ ရှင့်သမီးက မုဆိုးမဖြစ်ပြီး ကျန်ခဲ့မှာ မြင်ယောင်သား ဟားဟ "
"ဟာကွာ ဒီမိန်းမတော့"
"အံမလေး...ကိုကို.... ရှင်က ကျွန်မကို ရိုက်မယ်ပေါ့ ....အံမလေး... မုန်းစရာကောင်းလိုက်တာ ရှင်နဲ့ တစ်ခန်းထဲမအိပ်နိုင်ဖူး ဟွန့်"
သီးမခံနိုင်သည့့်အဆုံး မြှောက်တက်လာသော ဦးမောင်မောင်မြင့်၏ လက်ဖဝါးတစ်ဖက် ပါးပေါ်မကျခင် ငယ်သံပါအောင်ပြီးနောက် ကုတင်ပေါ်က ခေါင်းအုံးတစ်လုံးကို ဆွဲကာ အခန်းထဲက ထွက်သွားလေတော့သည်။ သူမဦးတည်ရာက သမီးနှစ်ဦးဖြစ်သော တီတာမောင်မြင့်နှင့်သီတာမောင်မြင့် တို့အခန်း
"သမီးတို့ မာမီ ညည်းတို့ဒယ်ဒီနဲ့ စိတ်ဆိုးလာတာ မာမီ ဒီမှါ အိပ်မယ်နော်"
"ဟာ မာမီကလဲ မရပါဖူး ကိုယ့်အခန်းကိုယ်သွာအိပ် နှစ်ယောက်မအိပ်တက်ဘူး သွားသွား "
တီတာမောင်မြင့်နှင့်သီတာမောင်မြင်တို့က ခေါင်းခါခါ လည်ခါခါအတင်း အခန်းထဲက တွန်းထုတ်ကြသဖြင့် ဒေါ်မူယာချိုတစ်ယောက်ဒေါသထွက်ကာ
"ဟွန်း ညည်းတို့ ညီအစ်မတွေ ညည်းတို့အဖေလိုပဲ စိတ်ကောင်းမရှိကြဘူး "
သမီးဖြစ်သူနှစ်ဦးအခန်းထဲမှ ဘောက်ဆက်ဘောက်ဆက်ထွက်လာသော ဒေါ်မူယာချိုသည် အခန်းထဲလဲမပြန် အောက်ထပ်ဧည့်ခန်းက နှစ်ယောက်ထိုင်ဆိုဖာပေါ်ခေါင်းအုံးပစ်ချကာ အိပ်လိုက်ပါတော့သည်။
KAMU SEDANG MEMBACA
အသက်ထက်ပို၍ မြတ်နိုးခဲ့သည်...{Z/U} Completed
Romansaလွန်ခဲ့သော ၁၉၄၁ခုနှစ်ပတ်လည်မှာ ဂျပန်စစ်ဗိုလ်အရာရှိမလေးက မြန်မာမလေးကိုချစ်မိခဲ့တယ်။ "ဝါလေးကမောင့်ကို မုန်းတယ်ဆိုတာသိပေမယ့် မောင်ကတော့ ဝါလေးကို အသက်ထက်တောင်ချစ်နေမိတော့တာပဲ" တူညီမှု့တွေရှိခဲ့ပါလျှင် crd ပေးပါသည်။ လှနျခဲ့သော ၁၉၄၁ခုနှဈပတျလညျမှာ ဂပြနျစဈဗ...