5 💚

2.7K 312 21
                                    

ယနေ့ ဂျပန်တပ်စခန်းမှာ အလွန်ရှုပ်ပွေနေကြသည် ။ အဘယ့်ကြောင့်ဆိုသော် ဒုဌဝတီမြစ်ကမ်းစပ်နံဘေး ငှက်ပျောတောများနံဘေးတွင် ဂျပန်စစ်သားတစ်ယောက်ရုပ်ပျက်ဆင်းပျက်အသတ်ခံထားရသော အလောင်းတစ်လောင်းကို တွေ့သောကြောင့်ပင်။
ဗိုလ်ချုပ်ကြီးကာနယ် လွန်စွာဒေါသထွက်နေလေ၏။ အရင်ထဲကမှ ကြည့်မကောင်းသော မျက်နှာသည် အခုဒေါသအရောင်ကြောင့် မှောင်မဲကာ မီးကျွမ်းထားသော ခရမ်းသီးတစ်လုံးနှယ်။

"ယုတ်မာလိုက်တဲ့ မြန်မာတွေ "

တောက်တခေါက်ခေါက် တရှူးရှူးတရှဲရှဲ။ ငှက်ပျောတောထဲကို နင်းပြီးမရှာရမချင်း သူစိတ်ကျေနပ်မှာမဟုတ်မှန်းကျွန်မသိ၏။ ပျွန်မရယ် ကာနယ်ရယ် တပ်သားအယောက်၂၀ ခန့့်ရယ်က ဒုဌဝတီမြစ်တစ်ဖက်ကမ်းကို လှေသမ္မန်နဲ့ ကူးသွားပြီး တောနင်းရှာဖွေတော့၏။

ငှက်ပျောတောဟုခေါ်ဆိုသော ထိုလယ်ကွင်းတစ်လျှောက်တွင် စိမ်းရောင်စိုသော လယ်ကွင်းများ ထဲတွင် ကောက်စိုက်သမားားအချို့နှင့် ပျိုးနုတ်သမားများကို တွေ့ရလေ၏။ ကြောက်လန့့်နေကြသော်လည်းထွက်မပြေးရဲသောကြောင့်ခေါင်းလေးတွေ ဝှက်ကာ ပုန်းနေကြ၏။

ငှက်ပျောတောသည် အစိုဓာတ်ရှိသောကြောင့် မြွေဆိုးအမတန်ပေါသည်။ သို့ကြောင့် တပ်သားလေးယောက်ခန့့်က အရှေ့မှ နေ၍ ဓားသွားတပ် သေနတ်နှင့် လမ်းရှင်းပေးလေ၏။

"ဗိုလ်ကြီး အရှေ့မှာ တဲတစ်လုံးတွေ့တယ် "

ရှေ့တော်ပြေးဆပ်သားလေးက လာပြောလေ၏။ ကာနယ်က စိတ်အာူတက်ကြွစွာနှင့် ရှာဖွေရန်အမိန့်ပေးလေ၏။ ထိုတဲလေးက ဓနိမိုးဓနိကာ မြေစိုက်လယ်စောင့်တဲကလေးဖြစ်ပါ၏။

"ဝုန်း ဝုန်း ဝုန်း "

"ထောက်ချောက်ပဲ ဝပ်ကြ"

ကျွန်မတို့ ထိုတဲလေးအနားအရောက်ာက်တွင် ရှေ့ပြေးတပ်သားနှစ်ယောက် မြေမြှုပ်လက်လုပ်မိုင်းမိကာ အပေါ်ကို မြှောက်တက်သွားလေ၏။

"တောက် ငါလိုး"

ခန္ကိုယ်စုတ်ပြတ်သတ်သောဒဏ်ရါများနဲ့ သေသွားသော တပ်သားနှစ်ယောက်အလောင်းကို ကြည့်ရင်း ဒေါသက ပိုထွက်လာပြန်လေ၏။

အသက်ထက်ပို၍ မြတ်နိုးခဲ့သည်...{Z/U} CompletedDonde viven las historias. Descúbrelo ahora