12

3.2K 328 23
                                    

"ပန်းနုဝါ ... ပန်းနုဝါရေ ... ငါတို့ ခေါ်နေတာကြားရလား"

မနက်မိုးသောက် ရောင်နီမပျို့တပျို့အစမှာ တောင်ခြေတောစပ်မှာ မီးတုတ်ကိုယ်စီနှင့် ရွာသူရွာသားများ။ စိန်မင်းနှင့်လူလှက သစ်ကိုင်းခြောက်တွေ ဓားနှင့် ခုတ်ထွင်လမ်းရှင်းက ပြာပုံအတိ မှိုင်းခိုးဝေနေသော တောအစပ်မှာ လူပျောက်ရှာဖွေနေလေ၏။

"ပန်းနုဝါရေ "

တောအထပ်ထပ် တောင်အစွွယ် လှိျုမြောင်ကမ်းပါးအစပ်နားမကျန် သွေးရူးသွေးတန်းပုန်းခိုနိုင်သည့့်နေရာများကို လိုက်လံရှာဖွေနေစဥ်

"ဟေ့ယောင် ဟိုမှာ ပန်းနုဝါလား"

လျှိုမြောင်အစပ်နားမှာ မျက်နှာကြပ်ခိုးတစ်စွန်းတစ်စနှင့် အသိစိတ်ပျောက်နေသူလို ထိုင်နေသော ပန်းနုဝါကို သူတို့ လှမ်းမြင်လိုက်ရ၏။

"ပန်းနုဝါ ... ပန်းနုဝါ ... ဟဲ့ နင်အဆင်ပြေရဲ့လား "

ပခုံးကို လှုပ်ခေါ်သောလဲ စကားအပြန်မရ။ ထပ်ကာ ထပ်ကာ လှုပ်ခေါ်မှ

"အင် ...ဟင် .. လူလှ"

"အေး ... နင် ဘာဖြစ်သွားသေးလဲ ဒဏ်ရါ ရသေးလား "

"ငါ .. ငါ ဘာမှ မဖြစ်ဘူး အမေနဲ့အဖွားရော ဘာမှမဖြစ်ဘူးမလား"

"အေး ... နင့့်အမေနဲ့အဖွားကို ဗုံးခိုကျင်းထဲကို ငါတို့ခေါ်သွားနိုင်လို့ ဘာမှမဖြစ်ဘူး နင်နဲ့ ဗိုလ်လေးကိုပဲ ငါတို့ စိတ်ပူနေတာ ဒါ့ထက် ဗိုလ်လေးရော ဘာမလဲ နင့့်လင်"

စိန်မင်းမေးလိုက်သော စကားကြောင့် ပန်းနုဝါ ခေါင်းကို သွက်သွက်ကြီး ရမ်းကာ

"ဘာ ငါ့လင်လဲ မသိဘူး ငါနဲ့သူ အတူမရှိဘူး ငါမသိဘူး"

ပါးပြင်ထက်ကို မျက်ရည်ပူများ ဖြတ်ဆီးလာပြီး ငြင်းဟန်ပြုသော ပန်းနုဝါကို ဆေးဗိုလ်လေးယာမဒါ တစ်ချက်ကြည့်လိုက်ကာ တပ်သားတွေကို လိုက်ရှာရန် အမိန့်ပေးလိုက်ပါ၏။

"ဂူချီ နင် ဘာမှ ဖြစ်လို့မရဖူးနော် နင် တစ်ခုခုဖြစ်သွားရင် ငါ ..."

တပ်သားတွေနှင့်အတူ ယာမဒါပါ လျှိုထဲ ဆင်းကာ လိုက်ရှာဖွေနေပါ၏။ ပန်းနုဝါသည်ည် သူ့ကို ရှာလို့တွေ့သွားမှာလဲ စိုးရိမ်နေခဲ့ပြီး ဘယ်တော့မှ ရှာမတွေ့ရင် ကြိတ်ဆုတောင်းနေခဲ့ပါ၏။
ကျွန်မ သိပ်ကို အတ္တကြီးတာပဲ မဟုတ်လား ဂူချီ ကျွန်မ ပြောပြီးသားပဲလေ ရှင့်ကို အသဲထဲကနေ တူးခါးနေအောင် မုန်းပါတယ်ဆို။

အသက်ထက်ပို၍ မြတ်နိုးခဲ့သည်...{Z/U} CompletedWhere stories live. Discover now