11

3K 301 37
                                    

"ဘာလေးတွေလဲ မသိဘူး လှလိုက်တာနော်"

ဂျပန်စစ်သားများ တပ်ဆင်ထားသော ဝါယာကြိုးလှလှလေးများကို အဝေးမှ ကြည့်ကာ မြန်မာလူမျိုးနယ်သူနယ်သားများက တငေးတမော သဘောကျနေကြသည်။ လက်ခုပ်တစ်ဖောင် လက်လှမ်းမီသော အရာလေးမို့ တို့ကြထိကြ ထင်းခွေ လှည်းတိုက်သမားများက ဖြတ်ယူငင်ကြလေသည်။

"အဘ ဒါက ဘာကြိုးလေးတွေလဲ အဘတောင်းထဲက ကျုပ်တွေ့လို့"

ထင်းလှည်းတိုက်ပြီး အပြန် ထမင်းတောင်းကိုယူကာ ဆေးကြောရင် ဟန်ပြင်သော လှမေက အဘဖြစ်သူ ဖိုးအောင်လှကို လှမ်းမေးလိုက်လေ၏ ။ ဖိုး​ေအာင်လှက ခပ်ပိန်ပိန်အသက်အားဖြင့် ၅၀ကျော်ခန့့် ဖြစ်ပြီး အပိုင်းဗလာ နံရိုးမြှိုင်းမြှိုင်းနှင့် ပုဆိုးအရောင်လွင့်ကို ဝတ်ဆင်ထားကာ ဖက်ပြောင်းဆေးလိပ်ကို အငွေ့လူလူသောက်ရင်း သမီးအပျိုပေါက်လှမေကို လှမ်းကြည့်ကာ

"မသိပေါင် လုံမရာ လမ်းမယ် သွယ်ထားတာ လှလို့ အနဲငယ် ဖြတ်လာခဲ့တာ"

"အတော်တော့ ထူးဆန်းပြီး လှတဲ့ ကြိုးတွေပဲနော်"

လှမေက ကြိုးလေးကို ကိုင်ကာ အသေအချာစိတ်ဝင်တစားကြည့်နေခဲ့သည်။ လှမေတို့နီးတူ ကြိုးလေးကို လှလို့ ဖြတ်ယူသူများပြားလှ၏။
သွယ်တန်းထားသော ကြိုးလေးများက အကောင်းတိုင်းမရှိတော့ ။

ထိုကြိုးလေးများ၏ သရုပ်မှန်က ဂျပန်တပ်မတော်၏ ဆက်သွယ်ရေးတယ်လီဖုန်းလိုင်းကြိုးမျ သူတို့မသိခဲ့တာအမှန်ပင်။ ဆက်သွယ်လို့ မရသော ဖုန်းလိုင်းများကြောင့် ဂျပန်အရာရှိတွေ ဒေါသတရှူးရှူးထွက်ကာ နွားသိုးအရိုင်းများသဖွယ် ရွာစဥ်လှည့်ကာ ကြိုးဖြတ် သူများကို ရှာဖွေလေ၏။

"အံမလေး လုပ်ကြပါအုံး အဘရေ ကျုပ်အဘကို မဖမ်းကြပါနဲ့"

ကြိုးဖြတ်သည် သတင်းရသော လူကို ဂျပန်တွေက ဝင်ဆွဲ ရိုက်နှက်ပြီး သမီးသားဇနီးမယားရှေ့မှာ ကန်ကြောက် သေနတ်ဒင်နဲ့ ထုသူကထု ထွက်ပြေးလျှင် ပစ်သက်သည်။ ကြိုးပြန် လက်ပြန်တုတ်ကာ ခွေးနွားဆွဲသလို မြေနီလမ်းပေါ် တရွတ်တိုက်ဆွဲသွားကြလေ၏။

အသက်ထက်ပို၍ မြတ်နိုးခဲ့သည်...{Z/U} CompletedWo Geschichten leben. Entdecke jetzt