PART-1

4.5K 229 59
                                    

UNICODE

လမ်းမကျယ်ကြီးထက် အရှိန်ဖြင့်မောင်းနှင်လာသည့်ကားနှစ်စီး။ အနီရောင်ပြိုင်ကားလေးသည် သူ့အရှေ့မှအပြာရောင်ပြိုင်ကားလေးအားကျော်တက်နိုင်ရန်အတွက် အားကုန်သုံးကာဖြင့်မောင်းနေလေတယ်။

" ဝှီးး ဘရွန်းးး "

နောက်ကနေသူ့ဆီမှီလာသောအပြာရောင်ကားသည်သူ့နဲ့အပြိုင်ဖြစ်နေပြီး သူ့ဘေးဆီသို့တဖြည်းဖြည်းနီးကပ်လာလေတယ်။

လမ်းမအားအကြည့်လွှဲကာ ဘေးရှိကားဆီသို့အကြည့်တွေပို့လိုက်တော့ သူ့အားပြန်ပြီးကြည့်နေသည့်ထိုလူ။

' ဒုန်း '

ထိုလူကသူ့ကားအားဝင်တိုက်လိုက်သည်မို့ အရှိန်မထိန်းနိုင်စွာဖြင့်ဘေးရှိပလက်ဖောင်းအားနယ်ကျွံမိလေတော့သည်။ သူ့ကားစက်သေသွားသည်မို့စုတ်ချက်သပ်ပြီးကားပေါ်မှဆင်းလိုက်တယ်။ အပြာရောင်ကားထဲက ထိုလူကလည်းသူနဲ့မလှမ်းမကမ်းမှာကားရပ်ပြီးဆင်းလာလေတယ်။

" မင်းရှုံးပြီ "

ခပ်သြသြအသံနှင့်ဆိုလာလေသူထယ်ယောင်း။ အနက်ရောင်ဆံသားကိုမှ curly style နဲ့ထိုလူ။ ရွှေရောင်အသားအရည်တို့နဲ့လိုက်ဖက်စွာ အဝါရောင်ဒူးပေါ်ဘောင်းဘီနှင့် ကျားသစ်အကွက်ပါတဲ့အင်္ကျီကိုဝတ်ဆင်ထားကာ အောက်ခံအဖြူရောင်စွတ်ကျယ်လေးကလည်းပါရှိသေးတယ်။ ထယ်ယောင်းအားတည့်မတ်စွာစိုက်ကြည့်ရင်းဆဲဆိုလိုက်မိတယ်။

" -ီးပဲ။ မင်းညစ်ပတ်တာလေ "

" ရှုံးတာကရှုံးတာပဲကို... "

မထီတထေးမျက်နှာဘေးဖြင့်သူ့အရှေ့လာရပ်ကာ အနောက်ကစက်သေသွားသည့်အနီရောင်ကားလေးအားလှမ်းကြည့်လေတယ်။

" စိတ်မကောင်းလိုက်တာ...မင်းအဖေမင်းကိုဆူတော့မယ်ထင်တယ် "

သူ့အားသနားသလိုလိုပုံစံမျိုးဖြင့်လာကြည့်နေသည့်ထယ်ယောင်းအား စိတ်ပျက်စွာစုတ်ချက်သပ်မိပြီး သူ့ရဲ့ရင်ဘတ်ပေါ်လက်ညိုးဖြင့်နာနာလေးထိုးကာ

" ဂျွန်ဂျောင်ကုဆိုတဲ့ငါကဘယ်သူ့ကိုမှမကြောက်ဘူးဆိုတာ မင်းမှတ်ထား "

THE BODYGUARD[2Kim&1J]Where stories live. Discover now