PART-14

805 112 36
                                    

UNICODE

နမ်ဂျွန်းဆွဲခေါ်ရာနောက်သို့သာအသာလေးလိုက်သွားခဲ့မိတယ်။စိတ်ထဲမှာတော့မေးခွန်းတွေကတစ်စီတစ်တန်းနဲ့သာ။ အတွေးတွေနဲ့ယောက်ယတ်ခက်နေလို့လားမသိ ဘယ်ကတည်းကအပေါ်သို့ရောက်လာမှန်းမသိသလို ထိုင်ခုံပေါ်ထိုင်နေပြီဆိုတာလည်းမသိခဲ့။ လေအနည်းရှပ်တိုက်သွားတော့မှသာအသိစိတ်တို့ပြန်ကပ်လာရတယ်။

" Suprise! "

" Dateလား? "

" May be... "

နမ်ဂျွန်းသည် ခြေတံရှည်စားပွဲအဝိုင်းပေါ်တွင်အဖြူရောင်ပိတ်စရှည်ကိုခင်းထားပြီးPieမုန့်လေးတစ်ခုနှင့်ပန်းကန်နှစ်ချပ်ကိုတင်ထားသည်။

" ဒါတွေဘယ်တုန်းကပြင်ဆင်ထားတာလဲ? "

" အမှန်တိုင်းပြောရရင် ဂျောင်ကုအိမ်ဆီမလာခင်ကတည်းကလုပ်ခဲ့တာ ရေခဲသေတ္တာထဲမှာရှိနေခဲ့တာလေ အခုဂျောင်ကုရောက်လာတယ်ဆိုတော့ပြန်ပြီးအပူပေးထားတာစားလို့တော့ရပါသေးတယ် "

နမ်ဂျွန်းသည် pie လှီးသည့်ဓားလေးကိုယူကာ1/4ခွဲလိုက်တယ်။

" စားကြည့် "

ဂျောင်ကုသည်ခေါင်းလေးငြိမ့်ပြရင်းခက်ရင်းကိုအသုံးပြုကာအပိုင်းသေးတစ်ခုဖဲ့ပြီးပါးစပ်ထဲသို့ထည့်လိုက်တယ်။

" ချိုတယ် အဟွတ်! "

ပျားရည်အရသာရော၊သကြားအရာသာပါရောယှက်နေသည်ကသာမာန်အချိုတော့မဟုတ်လှ။ တော်တော့်ကိုမှလွန်ကဲနေသည့်အချိုဓာတ်တွေ။ ချက်ချင်းဆိုသလိုဘေးရှိဖောက်တင်ထားသောဆိုဒါဘူးလေးအားမော့သောက်လိုက်တယ်။

" အာ...တောင်းပန်ပါတယ် တော်တော်ချိုသွားပြီထင်တယ် "

" ကျွန်တော်အဆင်ပြေတယ်  "

ဂျောင်ကုသည်မချိမဆန့်လေးသာပြုံးပြလိုက်သည်။နမ်ဂျွန်းမှာလည်းတော်တော်အားနာနေပုံပင်။ ထိုနေ့ကသူတို့မှာစကားတောင်ကောင်းကောင်းမပြောဖြစ်ခဲ့ဘူး။ အကြောင်းကတော့ဂျောင်ကုသည်ချောင်းတဟွတ်ဟွတ်ဆိုးနေခြင်းကြောင့်သာ~

///

" အဟွတ် အဟွတ်! "

တနေကုန်ချောင်းဆိုးနေရုံသာမကာအခုအိပ်တဲ့အထိပင်ချောင်းဆိုးသည်ကမရပ်တော့ချေ။ ထို့အပြင်နှာခေါင်းထဲဆေးလိပ်နံ့ကဝင်လာသည်မို့ပိုဆိုးလာသည်။

THE BODYGUARD[2Kim&1J]Where stories live. Discover now