PART-16

657 85 19
                                    

UNICODE

လူတွေရှုပ်ထွေးနေသည့်ရင်ပြင်အားကြည့်ရင်း သက်ပြင်းယဲ့ယဲ့လေးချမိလိုက်တယ်။ Luggage ကိုဆွဲရင်းခြေတစ်လှမ်းချင်းလှမ်းကာ လက်မှတ်ဖြတ်ပြီး လေယာဥ်ပေါ်သို့တက်လာလိုက်တယ်။

ထိုင်ဝမ်ခရီးစဥ်သည်နောက်သုံးမိနစ်အတွင်းစတင်ထွက်ခွာပါမည်။ ခရီးသည်များနေရာယူပေးကြပါရန်အသိပေးပန်ကြားအပ်ပါသည်။

( လေယာဥ်မစီးဖူးတော့မသိဘူးရော်  -_-)

///

မနက်ခင်းသည်ခါတိုင်းလိုပင် အထီးကျန်စွာနိုးထလာရသည်။ ခြောက်ကပ်တိတ်ဆိတ်နေသည့်အိမ်ကလေးသည် အရင်လိုဖခင်ရဲ့ဟင်းချက်နေသည့်အသံပလုံတွေလည်းမကြားရသလို၊ ညစဥ်ရက်ဆက်ဘောလုံးပွဲကြည့်ပြီးကျယ်လောင်စွာထအော်တတ်တဲ့အသံတွေလည်းမကြားရတော့ ပိုလို့တောင်အဖော်မဲ့ရသည်။

အိမ်ရှေ့ခန်းလေးရှိသုံးစွဲသူမဲ့နေသည့်သတင်းစာလေးသည် ထိုင်ခုံထက်အပြန့်သားလေးသာ။ ထယ်ယောင်းထံမှယူလာသော ထမင်းကြော်သည်လည်းယခုဆိုရက်လွန်နေရောပေါ့။

သို့ပေမဲ့မလွှင့်ပစ်ရက်ပါ ဒါလေးကဖခင်ရဲ့အငွေ့အသက်လေးတွေခံစားရတယ်။

" အင်း...နံနေတာကလွဲလို့ပေါ့ "

အမှိုက်ပုံးထဲသို့သွန်ပစ်ကာပန်းကန်ဆေးပြီးမှောက်ထားလိုက်တယ်။ တီဗီစင်ပေါ်ကဖုန်းဝင်လာလို့အပြေးသွားကိုင်မိတော့ နမ်ဂျွန်းဆီကတဲ့။

" ဒီနေ့အပြင်လျှောက်သွားကြရအောင် နော်~ "

" သွားကြတာပေါ့ "

" ကိုယ်ခဏနေလာခေါ်မယ် ပြင်ဆင်ထားလိုက်~ "

ဖုန်းကိုချလိုက်တာအခန်းထဲသို့ဝင်သွားလိုက်တယ်။ မှန်ရှေ့ရပ်ရင်းညင်းသိုးသိုးဖြစ်နေတဲ့ကိုယ့်မျက်နှာကိုသေချာလေးကြည့်မိတယ်။

" ဒီရက်ပိုင်းငါတော်တော်ပုံပျက်နေတာပဲ "

ရေချိုးခန်းထဲဝင်ကာ ရေချိုးပြီးနောက် အဖြူရောင်တီရှပ်အပွနဲ့ဂျင်းဘောင်းဘီနက်ပြာရောင်လေးကိုသာဝတ်လိုက်တယ်။

အိမ်ပြင်ထွက်လုဆဲဆဲခြေလှမ်းတွေကိုရပ်ကာ အခန်းထဲသို့ပြန်ဦးတည်မိတယ်။ ဂျာကင်တစ်ထည်ကိုဆွဲယူကာ maskတပ်ပြီးဆေးလိပ်ဘူးကိုပါခါးကြားညှပ်လိုက်တယ်။

THE BODYGUARD[2Kim&1J]Where stories live. Discover now