PART-7

1.2K 154 23
                                    

UNICODE

ထုံကျင်နေသည့်ခန္ဓာကိုယ်ကို အားယူကာ​ထထိုင်လိုက်ပြီးအိပ်မှုန်စုံမွှားဖြင့်ဘေးဘက်သို့ဝေ့ကြည့်မိသည်။ သူ့ဘေးထက်အိပ်ပျော်နေသည့်ထယ်ယောင်း။

" သူနဲ့အတူနေမိပြန်လား "

စိတ်ပျက်စွာညီးညူပြီး အိပ်ယာကထကာ မတ်တပ်ရပ်တော့ပေါင်ကြားထဲကနေစီးကျလာသည့်အဖြူရောင်အရည်ပျစ်ပျစ်တွေ။

" ငိုးမ! ကြက်သီးထချင်စရာကြီး "

ပေါင်အားကွတားကွတားဖြင့်ခြေဖျားထောက်ပြီးလျှောက်ကာ ရေချိုးခန်းထဲသို့ဝင်ခဲ့လိုက်သည်။ ညစ်ပတ်ပေရည်နေသောခန္ဓာကိုယ်အား ရေပန်းထက်နေရာယူကာရေဖွင့်ချလိုက်သည်။

အခုမှနေလို့ထိုင်လို့ကောင်းသွားသလိုပင်~

" ဟူးးး~ "

ခန္ဓာကိုယ်ထက်ဆပ်ပြာတိုက်ရင်းသက်ပြင်းခပ်လျလျချမိလိုက်တယ်။ မျက်နှာသည်လည်းအနည်းငယ်ညိုးကျနေဟန်။ ကိုယ်ပေါ်ရှိအမှတ်အသားတို့အားလက်ဖြင့်တို့ထိရင်း တွေဝေစွာဖြင့်နေမိပြန်တယ်။ ရေပန်းထက်မှရေတွေသည်လည်းအဆက်မပြတ်ကျဆင်းနေဆဲ။

///

" ကိုယ်လိုက်ပို့ပေးမယ် အခုမနက်စာအရင်လာစားလိုက် "

အိမ်ကနေထွက်လုဆဲခြေလှမ်းတွေကသူ့ခေါ်သံကြောင့်တန့်ခနဲဖြစ်သွားရတယ်။ အနောက်ကိုလှည့်ကြည့်တော့ဆံပင်စုတ်ဖွားနဲ့ဘောင်းဘီသာဝတ်ပြီးလှေကားခြေရင်းတွင်မတ်တပ်ရပ်နေလေတယ်။

အရေးမစိုက်ဟန်ပြုကာ ခြေလှမ်းတို့ကြွကာအပြင်သို့ထွက်ရန်ဟန်ပြင်လိုက်တယ်။

" ကင်မ်ဂျောင်ကု အခုချက်ချင်းထိုင်ခုံမှာထိုင်နေ....မင်းကိုလိုက်ပို့ပေးမယ်လို့ပြောနေတယ်လေ "

" ထိုင်နေရင်ရပြီမို့လား "

ထယ်ယောင်းအားမျက်စောင်းပစ်ထိုးကာ ထမင်းဝိုင်းရှိခုံပေါ်တွင်ထိုင်နေပေးလိုက်တယ်။ အမိန့်ပေးစကားတွေကိုနာခံနေသည်မဟုတ် အရင်တစ်ခါကလိုသူများဆိုင်ကယ်ခိုးပြီးလည်းမပြန်ချင်သလိုလမ်းလျှောက်ပြီးလည်းမပြန်ချင်တာကြောင့်သာငြိမ်ပေးလိုက်ရတာ။ မဟုတ်လို့ကတော့ ဒီအိမ်မှာဂျွန်ဂျောင်ကုရဲ့အရိပ်တောင်မြင်ရတော့မည်မဟုတ်။

THE BODYGUARD[2Kim&1J]Where stories live. Discover now