PART-2

1.6K 175 69
                                    

UNICODE

" ဒီမှာရလာခဲ့ပြီ "

" ပြန်တော့ "

လက်ထဲကကဒ်လေးကစားပွဲပေါ်တင်ပေးခဲ့ကာ အခန်းထဲမှထွက်လာခဲ့လိုက်တယ်။ စိတ်ထဲတနုပ်နုပ်ဖြင့်နေလို့မကောင်းချေ။ အခုလိုညဘက်ကြီးသူအိမ်ကိုဘယ်လိုပြန်ရမလဲ? ထယ်ယောင်းနဲ့ဒီမှာနေတဲ့အိမ်က တကယ်တမ်းဆိုမြို့အစွန်နားမှာ။ အခုလိုမျိုးသူ့အားဒုန်းတိကြီးပြန်လွှတ်နေသည်မို့စိတ်ထဲမကျေနပ်နိုင်ပေ။

" ဘယ်လိုပြန်ရမှာလဲ ကျစ်! "

ဆိုဖာရှိ အနက်ရောင်ကုတ်ကိုယူကာကိုယ်ထက်လွှမ်းခြုံပြီးအိမ်ပေါက်ဝသို့သွားလိုက်တယ်။ ဂျွန်ဂျောင်ကုဆိုတဲ့လူဟာဘယ်တော့သူတစ်ပါးကိုခယနေမည့်လူစားမဟုတ်တာမို့ထယ်ယောင်းအားလိုက်ပို့ပေးရန်လည်းမတောင်းဆိုမိ။

" တောက်! "

တောက်တခက်ခက်ဖြင့် လမ်းရှိတွေ့သမျှကျောက်ခဲနဲ့သစ်ကိုင်းခြောက်တွေကိုပိတ်ကန်ရင်းမှေးရိုးတွေတင်းမာနေသည်အထိအံကြိတ်ထားမိပြန်တယ်။

မုန်းလိုက်တာ...

' ဒူဒူဒူ~ '

အိပ်ကပ်ထဲမှဖုန်းလာနေသည်မို့ထုတ်ကြည့်မိတော့ Contact name မပါသည့်ဖုန်းနံပါတ်တစ်ခု။ ထိုဖုန်းနံပါတ်အားသူအလွတ်ရနေပါပြီ။ ဒါဟာနှစ်ယောက်မရှိသည့်ကင်မ်ထယ်ယောင်းရဲ့ဖုန်းပင်။ ကြည့်မရလို့ကိုby nameမတပ်ခြင်းသာ။ နံပါတ်ကတော့အလွတ်ရနေတယ်တဲ့။

" -ီးတောင်မကိုင်ဘူး "

' ခွမ်း '

စိတ်တိုစွာဖြင့်ဖုန်းအား အရှိန်ဖြင့်လွှင့်ပစ်လိုက်သည်မို့ အဝေးရှိသစ်ပင်ကြီးနဲ့အားပြင်းပြင်းရိုက်ခတ်မိကာ ကွဲကြေသွားလေတယ်။ ဂျွန်ဂျောင်ကုဆိုတာစိတ်တိုလွယ်သည့်ကောင်လေးဟုကောက်ချက်ချနိုင်လိုက်တယ်။

နာရီဝက်တောင်ကားမောင်းလာခဲ့ရသည့်ခရီးကိုအခုသူကခြေကျင်ဖြင့်အိမ်ပြန်ရတော့မည်။ ထိုသို့တွေးမိတိုင်းစိတ်ထဲဝုန်းဒိုင်းကြဲကာထယ်ယောင်းအားအသေအလဲသတ်ချင်မိတယ်။ မညှာမတာသူမို့လုပ်ရက်တယ်။

" အားးးးးးး! "

စိတ်ရှိလက်ရှိအတိုင်းအော်ဟစ်ကာလမ်းမကြီးတစ်လျှောက်ပြေးမိတော့တယ်။ ည8နာရီသာရှိသေးသည်မို့လမ်းမထက်ကားတို့အနည်းအကျဥ်းရှိနေသေးပြန်တယ်။ နီယွန်မီးတိုင်တွေကိုတစ်ခုပြီးတစ်ခုကျော်ဖြတ်ရင်း ချွေးတဒီးဒီးကျကာနှလုံးသည်လည်းပေါက်ထွက်မတတ်ခုန်နေပြန်တယ်။ ခြေထောက်တွေမှာလည်းပြေးလွန်းလို့အံသေနေပြီ။

THE BODYGUARD[2Kim&1J]Where stories live. Discover now