PART-5

1.2K 168 24
                                    

UNICODE

" ဒီကိုဘာလုပ်ဖို့လာတာလဲ? "

" ဒီနေ့ညမင်းအားမယ်လို့မျှော်လင့်ရတာပဲ "

Parkingအားသေချာထိုးကာ ကားပေါ်ကနေဆင်းသွားလေတဲ့ထယ်ယောင်းနောက်ကို ဂျောင်ကုပြေးလိုက်လာခဲ့တယ်။ Mall ထဲသို့ဝင်ပြီးအမျိုးသားအထည်ဆိုင်သို့ဝင်သွားသည်မို့ ဂျောင်ကုလည်းဘာမှစဥ်းစားမနေဘဲနောက်သို့လိုက်လာခဲ့လိုက်တယ်။

" အနက်ရောင်တစ်စုံရွေးခဲ့ ဒီနေ့ညကိုယ့်ပါတနာလုပ်ရမှာမို့ အမှားအယွင်းရှိလို့မဖြစ်ဘူး "

" အင်္ကျီရှာတာများဘာခက်တာကျလို့ "

ထယ်ယောင်းအားမျက်စောင်းထိုးပြီးအင်္ကျီတွေရှိရာဘက်သို့ခပ်သုတ်သုတ်လေးထွက်လာခဲ့လိုက်တယ်။ တကယ်ကျအင်္ကျီကရှာရတာမခက်ပါဘူး အင်္ကျီတွေများလွန်းလို့ဘာယူရမှန်းကိုမသိဖြစ်နေတာပါ... ဒါကြောင့်ဂျောင်ကုမှာအင်္ကျီတွေအားကြည့်ပြီးမျက်လုံးတွေကဘလင်းဘလင်းကိုဖြစ်လို့။

" ဒါလေးလှတယ် "

" ဒါလေးက smart ကျတယ်။ အို...ဒါလေးကပြောင်ချောလေး "

အင်္ကျီတွေအားတစ်ထည်ပြီးတစ်ထည်ကြည့်ပြီးဂျောင်ကုတစ်ယောက်ဘာယူရမှန်းမသိတော့ချေ။ အကုန်လုံးကလှနေတာကို ပြောရရင်သူနဲ့အကုန်လိုက်ဖက်နေသည်ဆိုမှန်မယ်။

" အင့် "

အင်္ကျီတွေအားအကြည့်ရောက်ရင်းလမ်းလျှောက်တော့ အရှေ့ကလူအားမမြင်ပဲထိုလူ့ရဲ့ရင်ဘတ်နဲ့သူ့ခေါင်းမှာဝင်တိုက်မိလေတယ်။ ဘယ်လိုတောင်နမော်နမဲ့နိုင်ရလဲမသိပေမဲ့ သူ့မာနကခံနေတော့ ထိုလူအားရန်တွေ့ရန်ခေါင်းထောင်လိုက်ရတယ်။

" ဟေး သတိထားမှပေါ့ "

ထိုလူကသူ့အားချိုသာစွာသတိပေးစကားဆိုလေသည်။ သူရန်တွေ့မို့စကားတွေကလည်းထိုနေရာမှကြက်ပျောက်ငှက်ပျောက်သလိုဖြစ်သွားရတယ်။

" နမ်ဂျွန်း မို့လား "

ဂျောင်ကုသည်သူ့အရှေ့မှထိုလူအားသေချာကြည့်မိတော့ ငွေရောင်ဆံနွယ်တို့နဲ့ကင်မ်နမ်ဂျွန်းဆိုသူလူကြီး။

THE BODYGUARD[2Kim&1J]Where stories live. Discover now