PART-15

758 95 44
                                    

UNICODE

" အာ့ရှ်! shit! "

သွေးတို့ရဲရဲတောက်လွှမ်းမိုးသွားသည့်အဝတ်ဖြူလေးကိုပုခုံးထက်မှဖယ်ကာ အမှိုက်တောင်းထဲသို့လုံးထွေးပြီးပစ်လိုက်တယ်။

ချလွမ်!

ကြမ်းခင်းထက်သို့လွှတ်ကျသွားသောဓားလေးသည် သွေးတို့စွန်းထင်းလျက်သား။ ပုခုံးထက်မှဒရဟောစီးကျနေသည့်သွေးများသည်နှစ်လိုဖွယ်မရှိ။

" Ok Ok! One more time! "

ကြမ်းခင်းထက်ပြုတ်ကျသွားသောဓားအားပြန်ကောက်ကာ မီးခြစ်ဖြင့်ဓားအားမီးရှို့လေတယ်။ အနည်းငယ်ပူလာပြီဆိုကာမှ မှန်ရှေ့နေရာယူကာ အံကိုခပ်တင်းတင်းကြိတ်ထားလိုက်တယ်။ နာကျင်မှုများပျောက်လိုပျောက်ငှားပေါ့~

" Ahh! "

အစိမ်းလိုက်ပုခုံးထဲသို့ဝင်ရောက်လာသည့်နာကျင်မှု။ ပူလောင်မှုကြောင့်ပါအသားတွေလောင်ကျွမ်းကုန်ပြီလို့ခံစားနေရတယ်။ ပုခုံးထဲသို့ထိုးစိုက်​နေတဲ့ဓားကိုကိုင်ထားတဲ့လက်ဟာလည်းနာကျင်မှုကြောင့်တုန်ယင်လို့။

" အားးး! "

အသားထဲစိုက်ဝင်နေသည့်ကျည်ဆံအားဖယ်ထုတ်ပြီးချိန်သူသည်လည်းမောပန်းကာတုန်ယင်လို့နေသည်။ ကြွေဇလုံထဲသို့ကျသွားတဲ့ ကျည်ဆံသံဟာတတောက်တောက်ပင်။ ချွေးတွေအုံခဲနေတဲ့ဦးခေါင်းနဲ့ နားထင်တစ်လျှောက်စီးကျလာတဲ့ချွေးစက်တွေကသူ့ကိုပိုပြီးမောဟိုက်စေတယ်။

မှန်ထဲရှိကိုယ့်ပုံရိပ်ကိုကြည့်ပြီးအား​တွေရုတ်ချည်းဆုတ်ယုတ်သွားသလိုခံစားလိုက်ရတယ်။

" ကင်မ်ထယ်ယောင်း မင်းကိုအနိုင်ပိုင်းပြမယ်! "

ကျယ်လောင်တဲ့တောက်ခေါက်သံသည်ရေချိုးခန်းလေးအတွင်းမှာပဲ့တင်သံထပ်လို့ပင်။ ရေစီးကျသံနှင့်ရေငွေ့ရိုက်သွားသည့်မှန်ချပ်တွေနဲ့အတူ သွေးစက်တွေနဲ့ရောနေသည့်ရေစက်တွေဟာလည်းထိုလူခြေထောက်ချရာ ကြွေခင်းထက်တွင်သာအိုင်ထိုးလို့နေတော့တယ်~

///

Dance floor ထဲမှာကနေကြသည့်လူတွေကိုကြည့်ပြီး စိတ်ထဲမှာလည်းလွတ်လပ်နေသလိုခံစားရတယ်။ Ohh... ဒါကဘဝကြီးပဲ။

THE BODYGUARD[2Kim&1J]Where stories live. Discover now