PART-8

914 147 44
                                    

UNICODE

ဟန်မြစ်ဘေးတစ်လျှောက်ဖြတ်ရင်း လေညှင်းခံကာနမ်ဂျွန်းနဲ့အတူတူလမ်းလျှောက်ပြန်လာခဲ့တယ်။ ပူအိုက်လွန်းလို့ ဝတ်ထားတဲ့ဂျာကင်ကိုချွတ်ပြီးရင်ဝယ်ပိုက်လာခဲ့ရတယ်။ နမ်ဂျွန်းကအအေးဘူးလေးကိုင်ရင်းသူနဲ့ဘေးခြင်းယှဥ်လျှောက်နေတယ်။

" ဘာလို့အရမ်းပူနေတယ်လို့ခံစားနေရမှန်းမသိဘူး "

" ဂျောင်ကုနေမကောင်းဖြစ်နေတာများလား? ဆေးခန်းသွားကြည့်မလား? ဂျောင်ကုရဲ့မျက်နှာကတော်တော်လေးကိုအဆင်မပြေတဲ့ပုံပဲ "

" အာ..ရတယ် ကျွန်တော်တော်တော်လေးအိုက်နေလို့ "

အပြုံးလှလှတို့ဖန်ဆင်းပြီးစကားဆိုလေတော့ နမ်ဂျွန်းကအအေးဘူးလေးအားဖောက်ကာသူ့အားပေးလေတယ်။ လက်ထဲရှိဂျာကင်ကိုလည်းသူ့လက်ထဲလွှဲပြောင်းယူသွားလေတယ်။

" ကျေးဇူးပါ "

" ကိုယ်တို့ကြားမှာကျေးဇူးဆိုတဲ့စကားကမလိုအပ်ဘူးထင်တာပဲ "

ခေါင်းလေးငုံ့ရင်းသာခပ်ပြုံးပြုံးလေးနေမိလိုက်တယ်။ထို့နောက်သူ့လက်ဖဝါးလေးအားတစ်စုံတစ်ခုကအုပ်မိုးလာလေတယ်။

" လက်တော့ကိုင်လို့ရပါတယ်နော် "

ထပ်ပြီးတော့ပါးချိုင့်တွေပေါ်အောင်ပြုံးပြလာတယ်။ နမ်ဂျွန်းရဲ့လက်တို့အားသူပြန်ဆုပ်ကိုင်လိုက်တယ်။ အခုအခြေနေကိုနေသားမကျပေမဲ့ နေသားကျအောင်တော့ကြိုးစားကြည့်သင့်တယ်ထင်ပါတယ်။

ဟန်မြစ်ဘေးတစ်လျှောက်အတော်ကြာအောင်လမ်းလျှောက်ခဲ့ပြီးသည့်နောက်ဂျောင်ကုရဲ့ကိုယ်သည်လွန်စွာမှအခြေနေဆိုးလာလေသည်။ ညလေအေးများသည်ဘေးလူတို့အပေါ်သက်ရောက်မှုရှိပေမဲ့ဂျောင်ကုထံသို့မည်သို့မှသက်ရောက်မှုရှိမနေသလိုပင်။ သူလွန်စွာမှအပူလွန်ကဲနေပြီ~

" နမ်ဂျွန်း...ကျွန်တော့်ကို Taxiငှားပေးပါ ကျွန်တော်အိမ်ပြန်မယ် "

မောဟိုက်ကာခြေပင်မခိုင်တော့သည့်သူ့အားနမ်ဂျွန်းသည်ကြင်နာစွာထွေးပွေ့ပေးထားသည်။ လှုပ်ရှားမှုလျော့သထက်လျော့နည်းလာသည့်သူ့အားထိုင်ခုံပေါ်တွင်အသာချပေးခဲ့ကာ နမ်ဂျွန်းသည်လမ်းမထက်သို့အပြေးထွက်သွားလေသည်။

THE BODYGUARD[2Kim&1J]Where stories live. Discover now