PART-3

1.3K 172 18
                                    

UNICODE

" ထယ်ယောင်း "

" ဆေးရုံသွားကြစို့ "

ဆေးလိပ်တိုအားနှုတ်ခမ်းဖျားမှခွာကာ ဂျောင်ကုနှုတ်ခမ်းဖျားထက်တေ့ပေးလိုက်တယ်။ တီရှပ်ကိုပြန်ဆွဲတင်ပေးပြီး ဒူးအောက်နဲ့ကျောနောက်ကိုကိုင်ကာပွေ့ချီပြီးထိုလမ်းကြားလေးထဲကကနေထွက်လာခဲ့တယ်။

" တစ်ခါလောက်ငါ့ကိုလျစ်လျူရှုပေးလို့မရဘူးလား "

" ဟင့်အင်း ကိုယ်ကမင်းကိုအမြဲစောင့်ကြည့်နေမှာ ဘယ်လိုအခြေနေရောက်ရောက်လျစ်လျူမရှုနိုင်ဘူး "

တည်ငြိမ်စွာရွေ့လျားနေတဲ့ခြေလှမ်းတွေရယ်နဲ့အတူ အသံသြရှရှလေးက လေလှိုင်းကနေတဆင့်သူ့နားထဲသို့တည်ငြိမ်စွာဖြတ်သွားလေတယ်။

ပျက်စီးသွားတဲ့ပြိုင်ကားအားကျော်လွန်ကာအနက်ရောင်ကားဆီသို့ခြေလှမ်းတွေလှမ်းလာခဲ့တယ်။
ကားတံခါးပိတ်သွားပြီးခဏအကြာကားစက်နှိုးသံကြားလိုက်ရတယ်။ ထယ်ယောင်းကသူ့ကိုအနောက်ခုံတွင်ထားကာသူကတော့ Driver seat တွင်ဝင်ထိုင်လေတယ်။

" နောက်နောင်မထိခိုက်စေနဲ့~ "

" ငါက ယောင်္ကျားလေးပါ ဒီဒဏ်ရာကမင်းပေးတဲ့နာကျင်မှုလောက်တောင်မရှိဘူး "

" မင်းမမေ့နဲ့ ကိုယ်ကမင်းကိုသာယာမှုလည်းပေးတတ်တယ်ဆိုတာ "

ချက်ချင်းပင်ရဲတက်သွားတဲ့မျက်နှာလေးအားမသိစေချင်တာမို့ထိုင်ခုံပေါ်သို့နောက်မှီချလေတယ်။ ဒါတောင်ထယ်ယောင်းကကားမောင်းရင်းနောက်ကြည့်မှန်ကနေဂျောင်ကုအားလှမ်းကြည့်နေပြန်သေးတယ်။

...

" လေးရက်လောက်ကြာရင် ဖောင်းတာကလျော့ကျသွားပါလိမ့်မယ်...ရောင်ကိုင်းနေ​သေးတာမို့အလေးအပင်မတာတို့ထိခိုက်တာတို့မဖြစ်စေနဲ့...ညရောက်တော့ခဏခဏကိုက်တာတွေရှိလိမ့်မယ် အာ့ကြောင့်နာကျင်လို့အိပ်မပျော်ရင်အိပ်ဆေးသောက်ပြီးအိပ်လိုက်တာအကောင်းဆုံးပဲ "

" ဂရုစိုက်ပေးလိုက်ပါ့မယ် "

ဂျူတီကုတ်နဲ့ဒေါက်တာကထိုအခန်းထဲကနေထွက်သွားပြီးသည်နှင့် nurse မလေးကလည်းစာအုပ်ကြီးကိုင်ကာထိုကနေထွက်သွားလေတယ်။ ကျန်ခဲ့သူက သူရယ်ထယ်ယောင်းရယ်သာ။

THE BODYGUARD[2Kim&1J]Where stories live. Discover now