PART-12

904 125 48
                                    

UNICODE

" ဟာ့ ဂျွန်ငယ်~ "

ပြီးဆုံးခြင်းအရည်များသူ့ကိုယ်တွင်းသို့အထိန်းကွပ်မဲ့စွာဝင်ရောက်လာတယ်။ ထယ်ယောင်းကိုယ်ဆီမှလွှတ်ထွက်သွားသည်နှင့်ဂျောင်ကုကိုယ်လေးသည်လည်းအိပ်ယာထက်ဘိုင်းခနဲလဲကျလေတော့သည်။

ထယ်ယောင်းသည်ဂျောင်ကုနဖူးစပ်ရှိချွေးစပ်တို့အားလက်ခုံဖြင့်သုတ်ပေးနေသည်။ ပင်ပန်းလွန်းတဲ့အရှိန်ကြောင့်မျက်စိအစုံကမပွင့်ချင်လှတော့။ သူနောက်ဆုံးသိလိုက်ရတာကတော့နဖူးပေါ်ကျရောက်လာတဲ့နွေးထွေးတဲ့နှုတ်ခမ်းတစ်စုံဆိုတာပဲသူသိတော့တယ်။

///

" ထပ်ပြီးတော့ သူလုယူသွားပြန်ပြီ "

ဆုံလည်ထိုင်ခုံပေါ်တွင်ထိုင်နေသောအမျိုးသားတစ်ဦးသည် ချွန်မြနေသည့်ဓားသွားငယ်အားဆော့ကစားနေသည်။ ငွေရောင်ဆံနွယ်တို့အားအနောက်သို့လှန်တင်ပြီးပုံသွင်းထားသောကြောင့် မကျဥ်းမကျယ်နဖူးပြင်ကထင်ရှားစွာပေါ်လွင်နေသည်။

' ဝှစ် '

လက်ထဲရှိဆော့ကစားနေသောဓားဦးချွန်အား နံကပ်ရှိဘုတ်ပြားပေါ်သို့ပစ်လိုက်သည်။ ချွန်ထက်နေသောဓားသွားငယ်သည်ဘုတ်ပြားပေါ်တွင်ချိတ်ဆွဲထားသောပုံငယ်လေးထံသို့ပြင်းထန်စွာထိုးစိုက်မိလေသည်။

" ကင်မ်ထယ်ယောင်း...မင်းကတကယ့်အဖျက်သမားပဲ "

ခက်ထန်သောမျက်ဝန်းတစ်စုံတို့သည်သူ့ရဲ့စိတ်အခြေအနေအားဖော်ပြလို့နေသည်။ သူသည်ဒုတိယလူမဟုတ်သောဒုတိယလူ...

" စိတ်လျှော့စမ်းပါ...ငါကမကြာခင်အနိုင်ရမဲ့လူ ထယ်ယောင်းကဒုတိယလူပဲ...ဟုတ်တယ် ဒုတိယလူ "

စိတ်ကိုလျှော့ချရင်းမှန်ရှေ့ရှိမိမိမျက်နှာအားကြည့်မိကာ တဖြည်းဖြည်းချင်းပြုံးလိုက်သည်။ ပေါ်လာသည့်ပါးချိုင့်ခွက်ထင်းထင်းတွေကြောင့်သူသည်တစ်စုံတစ်ယောက်ကိုသတိရမိသွားသည်။

" ကောင်ငယ်လေးကဒါလေးတွေကိုသိပ်ကြိုက်တာ "

ပါးချိုင့်ပေါ်တွင်လက်လေးတင်ကာတို့ထိကြည့်ရင်းအမြဲတမ်းသိမ်းထားတတ်သောအိတ်ကပ်ထဲရှိဓာတ်ပုံလေးအားထုတ်ကြည့်မိသည်။

THE BODYGUARD[2Kim&1J]Where stories live. Discover now