PART-13

755 110 74
                                    

UNICODE

" ဟူးး...အားနာစရာတွေဖြစ်ကုန်ပြီ"

အိမ်ထဲသို့ဝင်လာခြင်း ဧည့်ခန်းရှိဆိုဖာပေါ်တွင်အိပ်ပျော်လျက်ရှိနေသော နမ်ဂျွန်းကြောင့်အားနာစိတ်တို့နှင့်အတူကိုယ့်ကိုကိုယ်မလုံမလဲစိတ်တွေပါဝင်လာရတော့တယ်။

" အာ့ရှ် "

အခန်းထဲသို့ခြေသံလုံဝင်သွားကာမှန်ရှေ့ရပ်ပြီးလည်ပင်းရှိအနီပုပ်ရောင်အမှတ်အသားများကိုကြည့်မိသည်။

ဒီပုံစံအတိုင်းဆိုသူသိသွားလိမ့်မယ်.~

အင်္ကျီအားအမြန်လဲကာ လည်ပင်းထိဖုံးလို့ရသည့်လည်ထောင်ဆွယ်တာလေးအားကောက်လျှိုလိုက်လေတယ်။ ပန်းကန်လုံးလေးကိုလည်းအိပ်ယာဘေးရှိစားပွဲတိုလေးပေါ်တွင်တင်ထားကာ အခန်းပြင်သို့ပြန်ထွက်လာခဲ့လေတယ်။

" နမ်ဂျွန်း... "

ဆိုဖာထက်အကွေးသားလေးအိပ်ပျော်နေသောနမ်ဂျွန်းအားကြည့်မိပြီးအားနာစိတ်တို့ကအလုံးအရင်းပင်။ ​ရှုပ်ပွနေသောဆံနွှယ်များသည် ဘယ်လောက်တောင်စိတ်ညစ်ထားကြောင့်မှန်းမသိ ကုတ်ထားမှန်းသိသာနေပါသည်။ အရက်နံ့တွေမွှန်ထူနေသည်မို့အရက်သောက်ထားတယ်ဆိုတာမပြောလည်းသိသာလှပါတယ်။

" ကျွန်တော့်အတွက်ကြောင့်နဲ့နမ်ဂျွန်းစိတ်ရှုပ်ရပြီ "

" ကိုယ်ကဘယ်တော့မှဂျောင်ကုကြောင့်နဲ့စိတ်မရှုပ်ပါဘူး "

" ဟင် "

သူ့ပါးလေးအားပွတ်သတ်ကာ ပြုံးရင်းဆိုလာလေတဲ့နမ်ဂျွန်း။ လှဲနေရာကနေထကာ သူ့ကိုယ်လေးအားပေါင်ပေါ်ပွေ့တင်လေတယ်။

" မွှေးကြိုင်နေတာပဲ ထယ်ယောင်းနဲ့အဆင်ပြေခဲ့ရဲ့လား "

" ဒီလိုပါပဲ "

လိမ်ညာဖုံးကွယ်ထားရလို့လားပဲမသိ မျက်လုံးများကမငြိမ်မသက်နှင့်ပင်။ ကိုယ်နဲ့တောင်အကြည့်ချင်းမဆုံရဲတော့ဘူးလားဂျောင်ကု~

" မေ့နေလိုက်တာ ကိုယ့်ဆီကနေအနံ့တွေမွှန်ထူနေတယ်ဟုတ် "

" ကျွန်တော်လည်းယောင်္ကျားလေးပါပဲ ဒီအနံ့လေးလောက်ကတော့ခံနိုင်ပါတယ် "

THE BODYGUARD[2Kim&1J]Where stories live. Discover now